အပိုင်း ၁၀

167 6 0
                                    


အလင်းသည် ဆေးခန်းသို့ ​မည်သို့မည်ပုံရောက်လာမှန်းပင်မသိတော့။
ဆေးခန်းရှေ့ရောက်၍ဆိုင်ကယ်ရပ်သည်နှင့်
အလင်းသည် ဖင်ပျားတုပ်သလို ဆိုင်ကယ်ပေါ်ကချက်ချင်းခုန်ဆင်း၍ လူနာစောင့်ခုံဆီတန်းသွားတော့သည်။

မပြေးရုံတမယ်ခြေလှမ်းတို့ဖြင့် လှမ်းသွားသော ဝေယံ့ကိုကြည့်ရင်း မဟာ သည် ခေါင်းခါလျက် သက်ပြင်းဖွဖွချကာ
နောက်ကလိုက်သွားတော့သည်။

'ဒီကောင်လေးက ဘာဖြစ်သွားရပြန်လဲမသိ'

မဟာ သည် ဆေးခန်းအတွင်းသို့ရောက်သော်
ဝေယံထိုင်နေသောဘေးနားကနေရာလွတ်ဆီသို့ကပ်၍ထိုင်လိုက်သည်။
မဟာသည် အနားရောက်ခါမှ ဝေယံ၏ နီရဲနေသော မျက်နှာအားမြင်လိုက်ရသည်။
အဖျားပြန်တက်သွားသည်ထင်၍ စိုးရိမ်မိသွားသည်။

''ဟေ့ ဘယ်လိုဖြစ်လို့မျက်နှာကရဲနေတာလဲ''

''မှန်းစမ်း လေတိုက်ခံလိုက်ရလို့အဖျားပြန်တက်လာတာလား''

မိမိနဖူးအားကိုယ်ပူစမ်းရန် အနားကပ်လာသော ကိုမဟာ့၏ လက်က​လေးအား
ဖမ်းလျက်ဆုပ်ကိုင်ကာ တားလိုက်ရသည်။

''ရတယ် ကျွန်တော်ဘာမှမဖြစ်ဘူး
အဆင်ပြေတယ် နေပူထဲနေလိုက်ရလို့
ဖြစ်တာ''

''အင်းပါ အဆင်ပြေရင်လဲ ပြီးတာပဲ''

ထို့နောက် နှစ်ယောက်သားအတွေးကိုယ်စီ
ဖြင့်တိတ်ဆိတ်သွားပြန်လေသည်။
အချိန်ခဏကြာသော် ကိုမဟာ၏ ချောင်းဟန့်သံလေးအားကြားလိုက်ရ၏။

''အဟမ်း ''

''ဟေ့ ဝေယံ''

''ဗျာ''

''လွှတ်အုန်း''

အလင်းသည် နဝေတိမ်တောင်ဖြစ်လျက်

''ဗျာ ဘာကိုလွှတ်ရမှာလဲ''

''ဟာ မင်း ငါ့လက်ကိုကိုင်ထားတာလွှတ်​ပေး
အုန်းလို့ဟ''

ကိုမဟာသည် စိတ်မရှည်စွာဖြင့် ခပ်ကြိတ်ကြိတ်ဆိုတော့သည်။

ထိုအခါမှအလင်း သည် မိမိမှာ ကိုမဟာ့လက်ကလေးကိုကိုင်ထားမိမှန်းသတိရတော့သည်။

''အာ ဆောရီး''

ကို့မဟာ့ လက်ကလေးအား အမြန်လွှတ်ပေးလိုက်ပြီးနောက် အလင်း မျက်နှာကြီးမှာ
ပိုလို့တောင်နီရဲလာတော့သည်။

အလင်း ချစ်သော မဟာ/အလင်း ချစ်သော မဟာWhere stories live. Discover now