Unicode
ခေါက်ဆွဲကြော်ပန်းကန်မှ အငွေ့တစ်ထောင်းထောင်သည် ရနံ့နဲ့ အတူ ပြန့်လွင့်လျက်ရှိ၏။ပန်းကန်ထဲတွင် ပါဝင်သော အမျိုးအစားမှာ ခေါက်ဆွဲကြော်အပြင် ငုံးဥကိုခြမ်းထားသည့် အစိတ်များ၊အပါးလွှာဆုံး လှီးထားပြီး နူးနေသည့် အထိပြုတ်ထားသည့် ကြက်သားပြားများ ပါဝင်ပြီး ထိုအရာများက ကျွန်တော့်ဆာလောင်နေသည့် ဗိုက်အား ပိုဆာလောင်စေသယောင်။
သို့သော် ခေါက်ဆွဲကြော်အား တူဖြင့် မွှေလိုက်သည့်အခါ အောက်မှ ပေါ်ထွက်လာသော အသီးအရွက်ကြော်များကြောင့် ကျွန်တော် နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။ကျွန်တော်သည် ဂေါ်ဖီထုပ်အရွက် အပြင် ခါကြက်ဥကို ကြော်ထားသည်ကို မကြိုက်ပေ။ စားရမည့်ကဏ္ဏအား နောက်တွင်ပို့ကာ အရင်ဆုံးလုပ်ရတာသည် ခေါက်ဆွဲကြော်မှာ ပါရှိသော အသီးအရွက်ကြော်များအား အမှိုက်သဖွယ် ဖယ်ထုတ်လိုက်သည်။ဒါကို ဂရုပြုမိသည့် အန်ကယ်က ခေါက်ဆွဲကြော်ကို နံ့အောင် မွှေနေရင်းက ကျွန်တော့်ကို စူးစမ်းသလို မေးလာသည်။
"ဘာတွေလုပ်နေတာလဲ မကြိုက်ဘူးလား"
ထိုအခါ ကျွန်တော် အားတုံ့အားနာဖြင့် အသာပြုံးရင်း အန်ကယ့်အား ဖြေပေးလိုက်၏။
"မောင် ဒါတွေ မကြိုက်လို့ပါ"
အန်ကယ်က ကျွန်တော့်ပန်းကန်ထဲကို အကဲခတ်သလို တစ်ချက်ကြည့်လာ၏။ထို့နောက် အန်ကယ်က ရေနွေးခွက်ငဲ့ရင်း ခပ်သာသာလေး ပြောလာသည်။
"အစားဆိုတာ သူ့အာဟာရနဲ့သူ မျှတအောင် စားရမယ်လေ မင်းတို့လို ဖွံ့ဖြိုးဆဲ အရွယ်တွေမှာ ဒါက ပိုတောင် အရေးကြီးတယ်ကွ အာဟာရ မျှတမှ ခန္ဓာကိုယ်က ကျန်းမာလာမယ် ဖွံ့ဖြိုးလာမယ်"
ဆရာဝန်ပီပီ အန်ကယ်က ကျွန်တော့်အား ထိုကဲ့သို့ ရှင်းပြလာသည်။ကျွန်တော့်လက်ထဲကတူမှာ အရွက်တွေ ရွေးထုတ်နေရာက တန့်ကနဲ ရပ်သွား၏။ထို့နောက်တွင် ဘေးထုတ်ထားသည့် အရွက်ကြော်တွေအား ခေါက်ဆွဲကြော်နဲ့ အတူ သမအောင် မွှေရင်း ကျွန်တော့်အတွေးတစ်ခုဖြင့် အန်ကယ့် စကားအား ထောက်ခံသလို ပြန်ပြောလိုက်၏။
YOU ARE READING
ကြယ်တစ်စင်းရဲ့ လရောင်အိပ်မက် (Completed)