အပိုင်း(၂၃)

6.6K 298 61
                                    

Unicode

"အခုတစ်ခါ သီဆိုဖျော်ဖြေဖို့ အလှည့်ကျသူကတော့ ဒုတိယနှစ် သမိုင်းမေဂျာမှ တေးသံရှင် မေရီနဲ့ ပထမနှစ် မြန်မာမေဂျာမှ ကိုမောင်တို့ပဲ ဖြစ်ပါတယ်ရှင် သီဆိုမဲ့သီချင်းလေးကတော့ ဦးကိုင်ဇာနဲ့ အန်တီ မေဆွိ သီဆိုထားသော ပထမဆုံးနေ့လို့ အမည်ရတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်ရှင်"

စီစဥ်တင်ဆက်သူ၏ စကားသံအဆုံး၌ ထွက်ပေါ်လာသော လက်ခုပ်သံကျယ်ကျယ်များ။ထိုလက်ခုပ်သံတွေထက် ကျွန်တော့်နှလုံးခုန်သံက ပိုကျယ်နေမလား။နေ့ခင်းကြောင်တောင် သရဲခြောက်ခံလိုက်ရသလားဟု ထင်မှတ်ရလောက်သော ကြက်သီးထမှုသည် အကြောက်တရားဖြင့် ရောယှက်နေ၏။ထိုအခိုက် စတိတ်စဥ် အနီးနား ခပ်လှမ်းလှမ်းတွင် ရှိနေသော မေရီမှ ကျွန်တော့်ကို လာခဲ့တော့ရန် လက်ယက်ပြသည်။ထိုအချိန် ကျွန်တော်သည်နေရာမှ ပျောက်ကွယ်သွားပစ်ချင်သည့်စိတ်၊နောင်တရသွားသည့် စိတ်တွေနှင့်အတူ အချိန်တွေသာ နောက်ဆုတ်ပစ်လို့ရရင် ငြင်းလိုက်တာမှ ကောင်းမည်ဟူသော အတွေးများသာ ကြီးစိုးနေတော့၏။ထမှဖြစ်တော့မည်။ဘုရားရေ.....ဘုရား ကျွန်တော်ခြေထောက်တွေ တုန်နေသည်။ထလို့မရနိုင်အောင် တုန်ရီနေသည်။ဘယ်လိုလုပ်ရမလဲ။ကျွန်တော် ဘယ်လိုလုပ်ရမလဲ။

ကျွန်တော့်လက်မှားမှာ ချွေးစေးများထွက်လာသည်။သည်ဆောင်းတွင်းသည် သိပ်မအေးလှပေ။မဖြစ်နိုင်ပါ။ဒါကျွန်တော့် စိတ်ကြောင့်ဖြစ်နိုင်သည်။ ဒူးဆစ်ပေါ် တင်ထားသည့် ကျွန်တော့်လက်တွေမှာ တင်းကနဲ ဖြစ်သွား၏။ဟုတ်သည်။ကျွန်တော် စိတ်အေးအေးထားမှ ဖြစ်မည်။ဝင်လေ ထွက်လေ မှန်အောင်လုပ်ရမည်။ဝင်လေ....ထွက်လေ။

"ကောင်လေး"

ထိုအခိုက် အန်ကယ့် အသံခပ်တိုးတိုးကို ကျွန်တော် ကြားရ၏။ကျွန်တော် ပြန်လှည့်ကြည့်ရုံသာ တတ်နိုင်ပြီး ပြန်ထူးနိုင်ဖို့ပင် အားမရှိတော့ချေ။ထိုအချိန်တွင် အေးစက်စက်လက်တွေကြား သိပ်မကြီးလှသော လက်ဖဝါးပြင် နွေးနွေးလေးမှာ ရစ်ပတ်တွဲခိုလာ၏။ဒါသည် အန်ကယ့်လက်လေးသာ ဖြစ်သည်။

ကြယ်တစ်စင်းရဲ့ လရောင်အိပ်မက် (Completed)Opowieści tętniące życiem. Odkryj je teraz