အပိုင်း(၄၁)

5.3K 203 16
                                    

Unicode

"မေ့သား ဘယ်သွားမလို့ အဲ့လောက်ပြင်ဆင်နေတာလဲ ဘာလဲ ပွဲလား မေလည်း မသိရပါလား"

ဂျင်းပွလက်ရှည်နှင် ဒဲ့ပွဘောင်းဘီအား ဝတ်ဆင်ထားသော ကျွန်တော့်ကို မေမေသည် အထူးအဆန်းသဖွယ်ကြည့်ရင်း မေးလာသည့်အခါ ပွယောင်းယောင်းဆံပင်ကို လိုသလို သပ်တင်လိုက်ရင်း အမေ့အမေးကို ကျွန်တော်သည် ခပ်ပြုံးပြုံးလေး ပြန်ဖြေလိုက်၏။

"ပွဲမရှိဘူး မေမေ မောင် ဒီနေ့ အခြားသွားစရာလေးရှိလို့"

နွယ်နှင့်နွယ့်မမကျေးဇူးဖြင့် ကျွန်တော်သည် ဖျော်ဖြေပွဲတစ်ချို့ကို လိုက်ပါသီဆိုခွင့်ရခဲ့လေသည်။နယ်ပွဲအချို့အား လိုက်ရ၍ စားဝတ်နေရေးမှာ အရင်ကထက် ပြေလည်လာခဲ့သည်။

သည်နေ့မှာ အားလပ်ရက်ဖြစ်၍ ပြင်ဆင်နေသော ကျွန်တော့်အား မေမေထိုသို့ မေးသည်လည်း မဆန်းပါ။ဆံပင်ရှည်လာသည်ကြောင့် မနေ့က ဆံပင်ညှပ်ခဲ့လေသည်။ပုံစံက လူငယ်ဆန်လှသည်။ကေအသစ်ဖြစ်သဖြင့် မျက်နှာမှာတစ်မျိုး ကြည့်ကောင်းလှသည်ဟု ထင်မိသည်။ထို့နောက် ယုံကြည်မှုအပြည့်ပါသော အပြုံးကိုချီလိုက်ရင်း

"မောင် သွားပြီ ဘာဝယ်ခဲ့ရဦးမလဲ"

"သွားပါ အိမ်ပြန်နောက်မကျစေနဲ့နော်"

​ခြေလှမ်းများက ပေါ့ပါးသည်တိုင် မြန်ဆန်သွက်လက်လှသည်။သည်နေ့က ကျွန်တော်တို့ နှစ်ဦး၏ ချစ်သူသက်တမ်းကာလ ၂လပြည့်ခဲ့ပြီမဟုတ်ပါလား။နောက် ၅လ။နောက် ၁နှစ်။နောက် ၁၀နှစ်။နောက် ဆယ်ဘဝတိုင်အောင် အတူတူရှိချင်ပါသေးသည်။ရုပ်ရှင်ကြည့်မည်။သေချာပေါက်တော့ အချစ်ကား ရွေးကြည့်ပါမည်။အချစ်ကားကြည့်ပြီး စိတ်ကူးယဥ်ကြည့်ချင်ပါသည်။မီးမှောင်ချထားသည့်ကြားက မခိုးတရို့လေးကို ခိုးကြည့်ချင်ပါသည်။လက်ကလေးကို သိတစ်မျိုးမသိတစ်မျိုး ထိကိုင်ချင်ပါသေးသည်။စိတ်ကူးနှင့်ပင် ရူးချင်စရာကောင်းလှ၍ ခြေလှမ်းများက ပိုမိုသွက်လာ၍ အပြုံးများက ပီပြင်လာတော့သည်။

"အယ် မောင်တို့ ဘယ်သွားကြမလို့လဲ မင်းအန်ကယ်ကတော့ ရှိုးထုတ်လို့မပြီးတော့ဘူး"

ကြယ်တစ်စင်းရဲ့ လရောင်အိပ်မက် (Completed)Where stories live. Discover now