အပိုင်း(၁၇)

8.1K 386 25
                                    

Unicode

အချိန်အားဖြင့် ည ၇နာရီ ၄၅မိနစ်။မိုးချုပ်လာသည်နှင့် တစ်ပြိုင်နက် တရုတ်တန်းတွင် လူများ တဖြည်းဖြည်း စည်ကားလာလေသည်။တရုတ်တန်းကို အခြားသူများက ချိုင်းနားတောင်းဟူ၍လည်း ခေါ်ကြသေးသည်။ချိုင်းနားတောင်းသည် လမ်းမတော်လမ်း_သံစျေးဘက်အခြမ်းမှ ရွှေဒဂုံဘုရားလမ်း သိမ်ကြီးစျေးအထိ ရှိသည်။အထူးသဖြင့် တရုတ်လူမျိုးများ၏ အရောင်းအဝယ်ဆိုင်များ ပေါများရာ၊တရုတ်လူမျိုးများ စုစည်းနေထိုင်သော နယ်မြေလည်းဖြစ်သည်။တစ်ဖက်တစ်ချက်တွင် ခြင်းထောင်းဖြင့် လှည့်လည်ရောင်းချသည့် ဝက်သားဒုတ်ထိုးသည်များ အပြင် အခြားအခြားသော အစားအသောက်ဆိုင်များလည်း စုံလင်စွာ ဖွင့်လစ်ထားသည်။

ဆောင်းလေအေးတွင် ကျွန်တော့် လက်ဖျားတွေ အေးစက်နေသည်။နှာခေါင်းထိပ်တွေ အေးစက်နေသည်။သို့သော် မိမိနှလုံးသားမှာမူ ပူပူနွေးနွေးလေးရှိလှ၏။ ဆောင်းလေးအေးထဲ ဝေ့သီလာသော စံပယ်နံလေးကြောင့်လား။ဒါမှမဟုတ် ဘေးချင်းကပ်ရပ် ယှဥ်လျှောက်နေစဥ် မသိမသာ ထိကပ်သွားသော လက်ချောင်းတွေကြောင့်လား။ဘယ်အရာတွေကများ ကျွန်တော့်နှလုံးသားကို အနွေးဓါတ်ပေးသနည်း။အဖြေမှာ ရိုးရှင်းသည်။ကျွန်တော်ချစ်ရသော ချစ်သူကြောင့်သာ ဖြစ်သည်။

လမ်းလျှောက်နေခိုက်တွင် ကလေးများကြိုက်နှစ်သက်သော အရုပ်ကလေးများ ရောင်းသည့် ပျံကျစျေးဆိုင်အား တွေ့သွား၏။ကျွန်တော်သည် တစ်ခုခုအား အမှတ်ရသွားကာ ထိုအရုပ်ဆိုင်ရှေ့သို့ တန်းတန်းမတ်မတ်သွားလိုက်သည်။အန်ကယ်က အနောက်ကနေ၍ ခပ်အေးအေးသာလေး မေးလာ၏။

"ဘာဝယ်မလို့လဲ"

"အရုပ်သွားဝယ်မလို့အန်ကယ်"

ထိုအခါ အန်ကယ်က ကြောင်သွားကာ ထပ်မံမေးလာသည်။

"အရုပ် မင်းဆော့မလို့လား"

ထိုသို့ပြောလာမည်ဟု ကျွန်တော် တွေးထားပြီးသားပင်။ခပ်ဖွဖွရယ်ရင်း ထိုအမေးအား ပြန်လည်ဖြေရှင်းလိုက်၏။

ကြယ်တစ်စင်းရဲ့ လရောင်အိပ်မက် (Completed)Where stories live. Discover now