အပိုင်း(၃၉)

4.8K 232 12
                                    

Unicode

Recommend song_ Margaret (Lana Del Rey)

"မောင် နေကောင်းရဲ့လားဟင်"

ယနေ့ အအေးဓါတ်ပိုနေ၍ နွယ်သည် အနွေးထည်ထူထူထည်းထည်းဝတ်ထားသောကြောင့် ခန္ဓာကိုယ်လေးမှာပျောက်နေလေသည်။အနွေးဓါတ်လွှတ်နေသော အေးစက်စက် နွယ့် လက်ဖျားက ကျွန်တော့် လက်ပေါ် အုပ်တင်လာကာ ကျွန်တော့်၏ ခပ်မှိုင်းမှိုင်းမျက်လုံးများကို ကြည့်လျှက် စိုးရိမ်စွာမေးလေသည်။ထိုအခါ ကျွန်တော်သည် နွယ့်၏စိုးရိမ်ပူပန်မှုကို ခပ်အေးအေးစကားတစ်ခွန်းဖြင့် ငြင်းပယ်လိုက်၏။

"မောင် နေကောင်းပါတယ်"

"မောင်ရေ အဆင်သင့်ဖြစ်ပြီလား"

ထိိုအချိန် တစ်ဖက်မှ ဆောသြသံတစ်ခု ထွက်ပေါ်လာသည်။ထိုအသံသည် မကြာခင် ကျွန်တော်နှင့် အတူယှဥ်တွဲသီဆိုရတော့မည့် မမေရီ၏အသံဖြစ်သည်။မေရီက အနားသို့ရောက်လာ၍ မိုက်တစ်လက်ကို ပေးကာ

"စိတ်လှုပ်ရှားနေပြီလား ဘာမှမဖြစ်ပါဘူးကွ ပေါ့ပေါ့ပါးပါးပဲ မောင် အရင်ကလည်း စတိတ်စဥ်တတ်ဖူးပြီးသား မဟုတ်လား"

မမေရီသည် ကျွန်တော့်မျက်နှာကိုကြည့်လျှက် မှတ်ချက်တစ်ခုချမှတ်လေသည်။သို့သော် နှစ်ယောက်လုံး၏ ထင်မြင်ချက်က လွဲမှားနေကြောင်းကိုတော့ အရေးတယူလုပ်၍ ရှင်းမပြချင်တော့ပေ။

ကျွန်တော်သည် စတိတ်အကွယ်ကနေ၍ ပရိတ်သတ်ဆီ  လည်ပင်းရှည်လျှက် မျှော်ကာကြည့်လိုက်သည်။စတိတ်စဥ်အနီးနားက ခုံတွင် မိဘနှစ်ပါးရှိနေပြီး မကြာခင် မင်္ဂလာဆောင်တော့မည့် ဖိုးမောင်နှင့် မြတ်တို့က နေရာယူပြီးနေကြပြီးဖြစ်သည်။ထိုကြားထဲမှ ခုံလေးတစ်ခုံလွှတ်နေသည်။

မိမိ၏ ဖျော်ဖြေမည့်အမှတ်စဥ်က ပွဲလည်လောက်ကျ၍ အချိန်အားဖြင့် သိပ်နောက်မကျသေးပေ။ကျွန်တော်သည် စတိတ်စဥ်ပေါ် မတတ်သေးခင်အထိ မျက်လုံးကျွတ်မတတ် ဘယ်နှကြိမ်မြောက်မှန်းမသိသော ရှာဖွေခြင်းများကို ပြုလုပ်ခဲ့သည်မှာ တစ်ချို့သော မျက်နှာစိမ်း ဧည့်ပရိတ်သတ်များကိုပင် မှတ်မိလုနီးပါးဖြစ်နေချေပြီ။လာခဲ့မယ်ဟု ပြောထားသည် မဟုတ်လား။ပွဲမစခင်ကနေ ယခုအချိန်အထိ ရှာဖွေခြင်းတွေသာ ပြုလုပ်ခဲ့သော်ငြား အစအနပင်ကောက်မရအောင် ဘာအစွန်းအစလေးမှ မတွေ့ခဲ့ချေ။သည်အချိန်မှာတော့ လာနိုင်ကောင်းပါသည်။

ကြယ်တစ်စင်းရဲ့ လရောင်အိပ်မက် (Completed)Where stories live. Discover now