Unicode
ဦးချစ်လဖ္ဘက်ရည်ဆိုင်တွင် ဆိုင်၏ ညာဘက်စွန်းစွန်း ကျွန်တော် ထိုင်နေကျ စားပွဲဝိုင်းသည် လူလွတ်မနေချေ။လွတ်ရာဝိုင်းဆီ သွားကာထိုင်၍ စားပွဲထိုးလေးအား သောက်နေကျ အတိုင်းမှာရင်း ကျွန်တော် နှင့်အတူ ပါလာသော ဖိုးမောင်အတွက်ပါ မှာပေးလိုက်၏။ယခင်နေ့တွေမှာ ကျွန်တော်တို့ ဝိုင်းသည် လူစုံတတ်သော်ငှား ယခုတွင် လူစုံမနေ၍ ထိုင်ခုံ ၃ခုံလွတ်နေ၏။မြတ်၊ဥမ္မာနှင့် စိုးစိုးအေးတို့သည်အကအဖွဲ့တွင်ပါရာ သည်နေ့မှစ၍ အကစသင်မည် ဖြစ်သောကြောင့် ဖိုးမောင်နှင့် ကျွန်တော်သာ အားနေလေသည်။
"ဒီတော့ မင်းနဲ့ မြတ်နဲ့ တွဲနေပြီပေါ့"
ကျွန်တော်က စကားစကာ မေးလိုက်သည့်အခါ ဖိုးမောင်သည် ရှက်ရယ်ရယ်ကာ ခေါင်းငြိမ့်ပြရင်း ကျွန်တော့်မေးခွန်းအား အတည်ပြုလေသည်။သို့သော် ဖိုးမောင် မျက်နှာမှာ အနည်းငယ် ပူပန်နေသည်ကို ရိပ်စားမိ၍ ကျွန်တော်သည် သိလိုစိတ်ဖြင့် စကားဆက်လိုက်သည်။
"ဘယ်လိုလဲ အဆင်ပြေတယ်မလား"
"အင်း ပြေပါတယ် မြတ်က မနက်ကပဲ ငါ့ကို ဒီနေ့ သူ့ အဒေါ်နဲ့ မိတ်ဆက်ပေးမယ် ပြောနေတယ်"
"ဟုတ်သလား"
"အေး သူ့အဒေါ်ကို မင်းသိသလား မြင်ဖူးလား ဘယ်လိုလဲ သဘောကောင်းတယ်မလား"
"မြင်ဖူးလားဆိုတော့က....နေဦး"
မြတ်၏ အဒေါ်။ကျွန်တော်သည် မြတ်၏အဒေါ်အား မမြင်ဖူးပါ။ဦးလေးဖြစ်သူ အန်ကယ်နှင့် မိခင် ဖြစ်သူကိုသာ မြင်ဖူးခြင်းပင်။ဒါဆို မြတ်၏အဒေါ်ဟာ ဘယ်သူ ဖြစ်နိုင်မည်နည်း။ထိုစဥ် ကျွန်တော်သည် တစ်ခုခုကို သတိရသွားဟန် ဆက်ကနဲဖြစ်သွား၏။တစ်ခါက မြတ်တို့နှင့်အတူတူ ပါလာသော အမျိုးသမီး တစ်ယောက် ဖြစ်ပုံရသည်။ ထိုအမျိုးသမီးနှင့် မြတ်သည် တော်တော် ရင်းနှီးပုံလည်း ရသည်။
"ငါ့အထင် ဟိုတစ်ခါ ရုပ်ရှင်သွားကြည့်တုန်းက အတူတူ ပါလာတဲ့ အမျိုးသမီး ဖြစ်မယ်နဲ့တူတယ် သူ့ပုံစံက ငါကြည့်ရလောက် ခပ်အေးအေးလေးပါ သဘောကောင်းမဲ့ပုံပါပဲ သိပ်လည်း မစိုးရိမ်ပါနဲ့"
YOU ARE READING
ကြယ်တစ်စင်းရဲ့ လရောင်အိပ်မက် (Completed)