အပိုင်း(၂၉)

5.3K 232 18
                                    

Unicode

မနက်ခင်းမိုးသောက်လို့ ဝေလီဝေလင်းအချိန်တွင် စကားသဲ့သဲ့ပြောသံများက နားထဲသို့ တဖြည်းဖြည်းစိမ့်ဝင်လာလျက် အဆုံးတွင် စကားသံများအား ရှင်းရှင်းလင်းလင်းကြားလိုက်ရ၍ ကလေးရယ်သံများက တစ်ဖုံ၊အမျိုးသမီးကြီးများရဲ့ အော်ဟစ်သံများက တစ်ဖုံ၊ဟင်းပွတ်ပွတ်ဆူသံများက တစ်ဖုံ၊ဒန်အိုးလှပ်သံများက တစ်ဖုံ၊ ဆူညံစွာ ဝင်ရောက်လာလျက် မျက်လုံးများက မပွင့်သော်ငြား ဦးဏှောက်ကအသိဝင်လာပြီဖြစ်၍ ဖြစ်ပျက်နေသည့် အခြေအနေ အရပ်ရပ်အား ခန့်မှန်းမိလိုက်ရာ သည်ကနေ့တွင် မင်္ဂလာပွဲကျင်းပမည် ဖြစ်ကြောင်း သတိရသွား၍ ထို့ကြောင့် ဆူညံပွက်လောရိုက်နေကြခြင်းမှန်း ကျွန်တော် နားလည်လိုက်လေသည်။

အမြင်အာရုံ၏ အလုံးစုံမှာ ဝေဝါးဆဲသာ ဖြစ်သည်။စောစောအိပ်ပါလျှက်နှင့် ကျိန်းစပ်စပ် မျက်လုံးများသည် အိပ်ရေးပျက်ခြင်းကို ပုံဆောင်နေဟန်ပြလေသည်။သို့သော် တောင်စဥ်ရေမရသော အတွေးပေါင်းသောင်းခြောက်ထောင်ကြားထဲက ကျွန်တော့်အဖို့ အိပ်ရေးမပျက်သည်ကမှ အထူးအဆန်းဖြစ်လို့ နေဦးမည်။

မျက်လုံးအား ခပ်ကြမ်းကြမ်း ပွတ်ပစ်ရန် လက်တစ်ဖက်ကို မြောက်လျက် ကျန်တစ်ဖက်မှာ နံဘေးနားကနေရာဆီသို့ အဆင်သင့်ရောက်လို့ နေပြီးသား ဖြစ်နေတော့သည်။ခပ်နွေးနွေးအနွေးဓါတ်သည် သွေးကြောထဲသို့ စိမ့်ဝင်သွားကာ ခန္ဓာကိုယ်တစ်ခုလုံးဆီ ဖြန့်ကျက်သွားလျက် ကျွန်တော်သည် စိတ်အလိုကျစွာ ခပ်နွေးနွေးလေး ပြုံးမိသွား၏။သည်အနွေးဓါတ်ဖြင့် တောင်ကြီး၏ အအေးဓါတ်အား အသေးအမွားလေးသဖွယ်သဘောထားပြီး အံတုနိုင်ရန် ပြည့်ဝလေသည်။

မျက်လုံးများ အလုံးစုံ ဖွင့်လိုက်သည့်အခါ ရှင်းလင်းစွာ မြင်လိုက်ရသည့် မြင်ကွင်းသည် အေးချမ်းစရာကောင်းလွန်းသည်။မျက်လုံးလေးများ ဖွင့်ထားလိုက်လျှင် ကြယ်တစ်စင်းလို တမှိတ်မှိတ်နဲ့ လင်းလက်တောက်ပကာ လှပနေတတ်သလို အခုလို မျက်လုံးလေးများ မှေးမှိတ်ထားလိုက်လျှင် ပြတိုက်မှာ ချိတ်ဆွဲထားသည့် တန်ဖိုးမဖြတ်နိုင်သော ဂန္ဒဝင်ပန်းချီကားတစ်ချပ်အလား ငေးမောချင်စရာကောင်းလွန်းသည်။ နေရောင်ထိုးနေသည့် အန်ကယ့် ပါးပြင်ပေါ်က သွေးကြောစိမ်းလေးက အစ ခန္ဓာဗေဒအလုံးစုံ အဆုံး ဘုရားပေးသော ဆုလာဘ်သဖွယ် အရာအားလုံးသည် အင်မတန်မှ မြတ်နိုးချင်စရာကောင်းလွန်းလေသည်။

ကြယ်တစ်စင်းရဲ့ လရောင်အိပ်မက် (Completed)Where stories live. Discover now