Unicode
ညများက လမသာခဲ့ပါ။အိမ်မက်များက မကောင်းခဲ့ပါ။ထိုနေ့က သူမ လက်ဖျားတွေတုန်ရီနေခဲ့သည်။သူမ အသည်းခိုက်မတတ်နာကျင်နေခဲ့သည်။အိမ်မက်ဖြစ်ပါစေလို့ ရူးရူးနှမ်းနှမ်း ထပ်ခါထပ်ခါ ဆုတောင်းခဲ့သော်လည်း သူမ ထင်ထားသလို အိမ်မက်ကလေး ဟုတ်မနေခဲ့ချေ။ချစ်ရသူ ပျော်နေချိန် သူမသည် အခန်းတံခါးကို ပိတ်၊အမှောင်ထဲ ထီးထီးကြီးရပ်လျက် ငိုကြီးချက်မဖြစ်နေခဲ့သည်။ချစ်ရသူပျော်လျှင် သူမလည်းပျော်ပါသည်ဟု မှတ်ထင်ထားခဲ့ဖူးသည်။သို့သော် မဟုတ်ခဲ့ပါ။သေမတတ်နာကျင်ခဲ့သည်။သူမ ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သွားခဲ့ပြီ။
တွေးသည်။သူမ တွေးခဲ့သည်။ဟုတ်တာတွေရော မဟုတ်တာတွေရော။ဖြစ်နိုင်တာတွေရော မဖြစ်နိုင်တာတွေရော။ဘယ်အရာက စမှားသွားခဲ့သနည်း။ချစ်ရသူဟာ ချစ်သူတစ်ယောက်ရှိနေပြီဖြစ်ကြောင်း ပြောခဲ့တုန်းက သူမ ဘာလို့မတားခဲ့သနည်း။ဟင့်အင်း။သူမ တားဖို့မစွမ်းသာခဲ့တာပါ။ဟုတ်သည်။အဲ့တုန်းက သူမမှာ တားဖို့မစွမ်းသာခဲ့ပါ။
နောက်တော့ ချစ်ရသူဟာ ချစ်သူနှင့် ဝေးကွာရတော့မည့် အနေအခြေမှာ သူမ ဘာလုပ်ခဲ့သနည်း။သည်အရာဟာသူမ အတွက်အခွင့်အရေးတစ်ခုဖြစ်ခဲ့ပါသည်။သူမ တားနိုင်ခဲ့ပါသည်။ထိုအချိန်မှာ သူမဟာ ကိုယ့်ကိုကိုယ် အောင်နိုင်သူတစ်ယောက်လို ခံစားမိခဲ့သည်။
သို့သော် သူမ တားနိုင်ခဲ့သော်လည်း အခြေအနေမှာ မျက်စိတမှိတ်အတွင်း သူမအတွက် မရှူနိုင်မကယ်နိုင်ဖြစ်စရာ။မြတ်ဆိုသည့် အမျိုးသမီးငယ်ကလေးဟာ သူမ ချစ်သူနှင့် ခိုးပြေးသွားပါပြီဆိုသည့် သတင်းကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် သူမ၏အတ္တမီးတောက်များကို အညွှန့်တလူလူဖြစ်သွားစေခဲ့သည်။ဘယ်အရာကြောင့် သည်လိုတွေ ဖြစ်လာခဲ့ရသနည်း။သူမ တွေးလိုက်တိုင်း နာကျည်းမုန်းတီးမှုများက အဆမတန်တိုးပွားလာလေသည်။ထိုအခါ သူမ အံ့တင်းတင်းကြိတ်ပြီး ဒေါသများကို ဖြေဖျောက်သည့်အခါ မျက်ရည်များက ပိုးပိုးပေါက်ပေါက်ကျလာတတ်သည်။
ထိုကလေး။ထိုကလေးသာ မကူညီခဲ့ရင်။ဟုတ်သည် အဲ့သည် ကလေးကြောင့်သာ သည်လိုတွေ ဖြစ်လာရသည်။သူမ ရင်ထုမနာဖြစ်နေချိန် မောင်ဆိုသည့် ကလေး ပြုံးရယ်နေသည်ကို မုန်းပါသည်။
ŞİMDİ OKUDUĞUN
ကြယ်တစ်စင်းရဲ့ လရောင်အိပ်မက် (Completed)