Unicode
ကားပေါ်မှ ကျော့ကျော့မော့မော့ ဆင်းလာသည့် အမျိုးသမီး တစ်ယောက်။ခေတ်ပေါ်ဒေါက်ဖိနပ်စီးထားသည့် အလျောက် သူမ ခြေတစ်လှမ်းလှမ်းတိုင် ဒေါက်နဲ့ကြမ်းပြင်ထိသံမှာ ထွက်ပေါ်လာလျက်။လက်ထဲမှာလည်း အထုတ်ကြီးအထုတ်ငယ်ဖြင့်။တင်ပါးထိလုနီးနီး ရှည်လျားသည့် ဆံပင်အား ပြင်ဆင်ထားခြင်းမရှိပဲ ဖျားလျားသာချထား၏။ ဒီဇိုင်းမူပိုင်ရှင် မင်းသမီးကြီး ခင်ယုမေလို ပုဝါအပါးလေးကို လည်ပင်းတွင် စည်းထားသေးသည်။ အင်္ကျီပွင့်နုဇာလက်ရှည် နှင့် ပန်းကနုတ်များပုံပါသည့်
ချိတ်ထိမိန်မှာလည်း ပနှံသင့်စွာဝတ်ဆင်ထား၏။ ညာဘက်မျက်လုံး မျက်ရည်ကျသည့်နေရာတွင်လည်း မှဲ့(မျက်ရည်ခံမှဲ့)လေးလည်း ပါရှိသေးသည်။
မြန်မာသနပ်ခါးကြိုက်သူပီပီ ပါးကွက်အားလိမ်းထားသည်မှာ ပါးနှစ်ဖက် အပြည့်ပင်။ မျက်ခုံးလှသည့်ဟု ဆိုလို့ရပြီး တင်စားပြောရလျှင် လူအများပြောသလို ဇင်ယော်တောင် မျက်ခုံးဟု တင်စားပြောရမည်။အပေါ်နှုတ်ခမ်းပါးပြီး အောက်နှုတ်ခမ်းအနည်းငယ် ထူနေသည်မှာလည်း တစ်မျိုးလှနေ၏။
မြန်မာအမျိုးသမီးငယ်အများစုလို မျက်နှာဝိုင်းမျိုးမဟုတ်ဘဲ မေးရိုးသွယ်သွယ်ဖြင့် ဘေးတိုက်ကြည့်လျှင်ပင် တစ်မျိုးကြည့်ကောင်းသေးသည်။အလှဆုံးအရာဆိုလျှင် မျက်လုံးဟု ပြောရမည်။ မျက်ခွံလေးဖြင့် ကော့တက်နေသည့် မျက်တောင်ရှည်တို့မှာ ကြည်လဲ့နေသည့် မျက်ဝန်းတွေအား ပိုမိုလှစေရန် အားဖြည့်ပေးနေသည်။ မျက်နှာ ကာချယ် တစ်မျိုးတစ်မည်မှ လိမ်းခြယ်ထားခြင်းမရှိပဲ သဘာဝအတိုင်းလှနေသည့် သူမသည် မည်သူနည်း။"ဟယ် သမီး ဒန္နီ လာလေ အိမ်ထဲဝင် မပြောမဆိုနဲ့ ရောက်ချလာပါလား'
ဟုတ်ပါသည်။ သူမ နာမည် ဒန္နီမော် ဖြစ်၏။တစ်နည်းအားဖြင့် ပြောရလျှင် ဒေါက်တာ ကိုသျှားမြတ်ခေါင်၏ လူကြီးချင်းသဘောတူထားသည့် သူသာဖြစ်သည်။သို့သော်....သို့သော်ဆိုသည့်အကြောင်းပြချက်နောက်တွင် သူမ၏ နှလုံးသားခံစားချက်အား ဆက်မပြောချင်ပေ။
"ဟုတ်တယ် အမ ဒီနေ့ ကျောင်းလည်းပိတ်တာနဲ့ အပြင်ထွက်ရင်း အမတို့အတွက် တရုတ်တန်းစျေးနားက မုန့်ဟင်းခါးလေ ငါးခူးငရုတ်ကောင်းမုန့်ဟင်းခါး အဲ့တာဝယ်လာတာ ရွှေပုစွန် ဖာလူဒါရော"
VOCÊ ESTÁ LENDO
ကြယ်တစ်စင်းရဲ့ လရောင်အိပ်မက် (Completed)