အပိုင်း(၄)

15.4K 936 143
                                    

Unicode

Recommended song _ဇော်ပိုင်(မင်းနဲ့မှချစ်တတ်ပြီပေါ့)

"ဂုဏ်ယူပါတယ်ဗျာ ညီမမှာ ကိုယ်ဝန် ၂လနဲ့အတူ ဗိုက်ထဲမှာကလေးလေးရှိနေပါပြီခင်ဗျာ"

"ရှင်"

မကြာခင် မိခင်ဖြစ်တော့မည့် မိခင်လောင်းလေးအား ဂုဏ်ပြုစကားနဲ့အတူ ဝမ်းသာစွာပြောလိုက်သည့်အခါ ထိုလူနာမိန်းကလေးသည် ဗိုက်လေးကို အသာပွတ်စမ်းကာ ဝမ်းသာကြည်နူးစွာဖြင့် တုန်တုန်ရီရီလေး မေးလာသည်။

"တကယ် တကယ်လား ဆရာ"

"ဟုတ်ကဲ့ တကယ်ပါခင်ဗျာ"

ထိုအခါ ကောင်မလေးသည် ဝေ့တက်လာသောမျက်ရည်များကို သုတ်ကာ အပြင်ကရပ်စောင့်နေသည့် အမျိုးသားဖြစ်သူထံကို ခပ်သွက်သွက်လေးသွားနေပုံက မည်မျှပင်ဝမ်းသာနေကြောင်းသိနိုင်သည်။ကျွန်တော်သည် ထိုမိန်းကလေးပြန်လာမှ လိုအပ်တာများမှာကြားရန်သာ အခန်းထဲ၌ စောင့်နေစဥ်  နှုတ်ခမ်းခြောက်လာ၍ နှုတ်ခမ်းကိုသပ်လိုက်မိသည့်အခါ ရုတ်တရက်ဝင်ရောက်လာသည့်အတွေးတစ်ခု။ဖြန်းကနဲပူထူလာသော မျက်နှာနှင့်အတူ ဆက်မတွေးမိအောင် ခေါင်းကိုခါရင်း မျက်စိကိုအသာမှိတ်ကာ လက်နဲ့ခပ်ကြမ်းကြမ်းပွတ်ပစ်လိုက်၏။

၂ရက်အတွင်း ထိုကိစ္စကို မတွေးမိအောင်လုပ်ရသည်မှာအခါခါ မသိချင်ယောင်ဆောင်ထားရသည်မှာ အခါခါ ။မဟုတ်ပါက ကျွန်တော်နှင့်ကောင်လေးကြား အနေခက်တာတွေဖြစ်လာနိုင်လိမ့်မည်။ဒါကို ကောင်လေးဘက်ကလည်းသိထားပုံရသည်။ ကျွန်တာ်တို့၂ယောက်ကြား ထိုကိစ္စနဲ့ပတ်သတ်ပြီး ထူးပြီးဖြစ်မသွားသည်ကြောင့် အဆင်ပြေသွားသည်က တော်သေး၏။

"ဘာ!! အဲ့တော့ မင်းက အဲ့ကလေးကို မွေးမယ်ပေါ့ ဟုတ်လား ဟမ်"

ထိုအခိုက်၌ အခန်းပြင်မှ လွင့်ပြယ်လာသော ဒေါသသံကြောင့် ကျွန်တော်သည် စိတ်လွင့်နေရာမှာ ဆက်ကနဲတုန်တက်သွားကာ အသိပြန်ဝင်ကာ အခြေအနေအား ရိပ်စားလိုက်၍ အပြင်သို့ ခပ်သွက်သွက်သွားလိုက်မိသည်။
တွေ့လိုက်ရသည်က မကြာသေးခင်ကမှ ကျွန်တော်နှင့်စကားပြောသွားသော လူနာမိန်းကလေးနဲ့အတူ အမျိုးသားကိုပါ တွေ့လိုက်ရသည်။

ကြယ်တစ်စင်းရဲ့ လရောင်အိပ်မက် (Completed)Hikayelerin yaşadığı yer. Şimdi keşfedin