အပိုင်း(၃၁)

5K 202 6
                                    

Unicode

နောက်တစ်နေ့ မနက်၌ ကိုမျိုးမင်း အကူအညီဖြင့် ရောက်တုန်းရောက်ခိုက် မြို့ထဲသို့ တပတ် ပတ်ဖြစ်သေး၏။တန်ဆောင်တိုင်ကျရောက်သည်မို့ ပွဲတော်များသည့်ရာသီဖြစ်ရာ ဒေသခံများကမူ မြို့ထဲ၌ ခြေချင်းလိမ်နေကြသည်။လွန်ခဲ့သည့်နှစ်များက အသည်းစိမ့်အောင် ချမ်းအေးလွန်းသည့် ရာသီဥတုကြားက စောင်ပုံကြီးထဲ ကွေး၍ ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံးနီးပါး စိတ်ဝင်စားစွာ ရုပ်မြင်သံကြားမှ တဆင့် ကြည့်ဖူးကြသော တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံ လွတ်တင်ပွဲကြီးအား ယနေ့ညတွင် အဝေရာကွင်းကြီး၌ ကျင်းပကြတော့မည်ဖြစ်သည်။ကျွန်တော်သည် ထိုပွဲတော်ကို သွားဖို့ရန် တာဆူနေသည်ဖြစ်၍ မနက်ကတည်းက မြောက်ကြွမြောက်ကြွ ဖြစ်လို့နေသည်။

ထို့နောက် လူကြီးစကားဝိုင်းထဲမှ ကိုမျိုးမင်း၏ နောက်ဆက်တွဲ ရှင်းပြချက်တွင် သည်နေ့ ညနေ(၅နာရီ)တွင် ဘုရားဆီမီးပူဇော်ပွဲရှိသည်ဟု ပြောလာသည်။ထိုပွဲထဲတွင် မနန်းခမ်းပျိုတို့ပါ ပါမည်ဖြစ်၍ တစ်ဆက်တည်းတွင် ပါဝင်ဆင်နွဲရမည့် ပွဲမှာနှစ်ပွဲဆက် ဖြစ်နေသောအခါ ကျွန်တော်သည် အလွန်အမင်း စိတ်လှုပ်ရှားကာ ပျော်မြူးနေတော့သည်။

ထို့နောက် ကားပေါ်၌ အန်ကယ်နှင့် ကိုမျိူးမင်း၏ စကားသံများကို ကျွန်တော်သည် ဥပေက္ခာပြု၍ စိတ်ထဲတွင် သည်နေ့ညတွင် ကြုံဆုံရတော့မည့် ပွဲတော်အတွက် မည်သည့်အရာများ လုပ်လျှင်ကောင်းမည်နည်းဟု တိတ်ဆိတ်စွာ တွေးတောနေတော့သည်။

အချစ်ဆိုသည့်အရာသည် နှလုံးသားတစ်ခုကိုသာ စုံလုံးကန်းတတ်စေသော်ငြား ကျွန်တော့်အဖို့မှာတော့ နှလုံးသားမှာရော၊ဦးဏှောက်မှာပါ အန်ကယ်တစ်ယောက်သာ အစဥ်အမြဲ နေရာယူနေပြီးဖြစ်၍ အခြေအနေသည် စုံလုံးကန်းသည်ထက်ဆိုးသည်။

အတွေးတစ်ခုချင်းစီတိုင်းတွင် မည်သည့်ကာလ၊အကြောင်းအရာများအား ဘယ်လောက်ပဲ တွေးတောနေစေကာမူ အတိတ်ကာလအတွက်ဖြစ်စေ၊ ပစ္စုပ္ပါန်ကာလအတွက်ဖြစ်စေ၊အနာဂတ်ကာလအတွက်ဖြစ်စေ၊ အတွေးတိုင်း၌ ဘေးတိုက်ပါလာသောသူသည် အန်ကယ်တစ်ယောက်သာရှိ၏။

ကြယ်တစ်စင်းရဲ့ လရောင်အိပ်မက် (Completed)Donde viven las historias. Descúbrelo ahora