အပိုင်း(၆)

13.4K 691 146
                                    

Unicode

"တော်တော်အပျင်းပြေသွားတယ်ပေါ့ အင်းလေ ကိုယ်မရှိလည်း မင်းအဆင်ပြေနေတာပဲလေ ဟုတ်တယ်မလား"

"ဗျာ"

ခပ်တိုးတိုးထွက်ပေါ်နေသော ဂစ်တာသံသည် ခပ်စိမ်းစိမ်းလေသံအဆုံး တိကနဲ ရပ်တန့်သွားကာ ကျွန်တော်သည်ပင် ခတ္တကြောင်အသွားခဲ့သည်။ထိုစကားအား နားမလည်သလို အဓိပ္ပါယ်ကို ဘယ်လိုကောက်ယူရမည်နည်း။အန်ကယ်၏ခပ်ဖွဖွခြေလျှောက်သံမှလည်းကောင်း၊ ပြင်ပက လေတိုက်သံမှလည်းကောင်း၊ခိုတို့ရဲ့ငြီးသံမှလည်းကောင်း ထိုမှလွဲ၍ အခန်းထဲတွင် တိတ်ဆိတ်လို့နေသည်။

ကျွန်တော်သည် ထိုစကားကိုမူတည်ပြီး မည်သို့ တုန့်ပြန်ရမည်နည်းဟု စဥ်းစားနေစဥ် အန်ကယ်က စာအုပ်စဥ်ဆီ လျှောက်သွားသည်။ကြည့်ရတာ ကျွန်တော့်၏တုန့်ပြန်ချက်ကို စိတ်ဝင်စားသည့်ပုံမပေါ်။အနည်းငယ် စိတ်သက်သာရာ ရသွား၍ ဂစ်တာကိုသာ အသာလေးတီးနေမိသည်။

တစ်ချက် အကြည့်လွဲတော့ ပြတင်းပေါက်နားလေးက ကြိမ်ထိုင်ခုံတွင် ထိုင်ကာ ဝတ္ထုစာအုပ်ဖတ်နေသော အန်ကယ့်အားတွေ့လိုက်ရ၏။ မျက်နှာထားတည်တည် နှုတ်ခမ်းတင်းတင်းစေ့ထားသော ထိုအမျိုးသားသည် ဂစ်တာမှထွက်ပေါ်လာတဲ့ ငြိမ့်ငြောင်းသံတိုးတိုးလေးနှင့်လိုက်ဖက်ညီစွာ ငေးမောကြည့်ရန်ကောင်းလွန်းသည်။

လေပြေလေးတစ်ချက်တိုက်ခတ်လိုက်လျှင် ယိမ်းနွဲ့သွားသော ဆံနွယ်တွေအား ကျွန်တော် ထိကိုင်ကြည့်ချင်သေးသည်။ ဒါမှမဟုတ် တဆက်ဆက်မျက်တောင်ခတ်နေသော မျက်ဝန်းတွေအား စူးစိုက်စွာ ကြည့်ချင်သေးသည်။ဒါမှမဟုတ် ဘေးနားသွားကာ မေးထောက်ရင်း လက်ချောင်းသွယ်သွယ်တွေကိုလည်ကောင်း၊ သွေးကြောစိမ်းတွေကိုလည်းကောင်း၊ တည်ကြည်သည့်ရုပ်ရည်ကိုလည်ကောင်း မပျင်းမရိ တစ်စိမ့်စိမ့်ကြည့်ချင်သေးသည်။ သို့လောသို့လော အတွေးများဖြင့် ကျွန်တော်သည် အားမလိုအားမရစွာ။

ဂစ်တာကို ထောင့်နားကပ်၊ဂျိုင်းထောက်နှင့်အားယူရင်း စာအုပ်စဥ်ဆီသွား၊ များစွာသော စာအုပ်တွေကြား စာဖတ်ဝါသနာမပါသည့်ကျွန်တော်သည် မျက်စိနောက်သွားသလိုတော့ရှိ၏။ နာမည်သာကြားဖူး၍ တစ်ခါမှ မဖတ်ဖူးသော စာအုပ်များလည်းရှိသလို နာမည်တောင်မကြားဖူးသည့် စာအုပ်များလည်းရှိ၏။ ဒါ့အပြင် ဆေးစာအုပ်တွေလည်း ရှိသေးသည်။ မျက်စိနောက်လို့သာ နောက်သည်ဟုပြောမိသော်လည်း စာအုပ်များက သူ့အကန့်နဲ့သူ ခွဲခြားထားပြီးသားဖြစ်သည်။ ဂျာနယ်ကျော်မမလေး၊ ဂျူး၊ တက္ကသိုလ်ဘုန်းနိုင်၊ မြသန်းတင့်၊ခင်နှင်းယု အစရှိသည့် စာရေးဆရာ/မများ၏ဝတ္ထုများက စုံလင်စွာရှိသည်။ဘယ်စာအုပ်ကိုဖတ်ရမည်နည်း။။

ကြယ်တစ်စင်းရဲ့ လရောင်အိပ်မက် (Completed)Donde viven las historias. Descúbrelo ahora