အပိုင်း(၉)

11.1K 567 137
                                    

Unicode

"ဟေး ကိုဖိုးမောင်တို့ ဘယ်တုန်း"

Rcထဲမှ ဂစ်တာတစ်လက်ကိုင်ရင်း ထွက်လာသည့်  မုတ်ဆိတ်မွေးခပ်ထူထူနှင့် ပန်ချာပီတစ်ယောက်သည် ကျွန်တော်တို့ကို နှုတ်ဆက်ရင်း အနားသို့ရောက်လာသည်။ကျွန်တော်တက်သည့် တောင်ငူဆောင်တွင် မြန်မာစာ နောက်ဆုံးနှစ် တက်ရောက်နေသည့် ကျောင်းသားကြီးဖြစ်ရာ  အဆောင်တူ၍ မျက်မှန်းတန်းမိ၏။

"လခကြေး သွားသွင်းမလို့ ဒါနဲ့ ကိုတင်မောင်ကြီးရော မပါပါလား ဘယ်သွားနေလို့တုန်း"

"မပါဘူးဆို ငါတို့တွေ မနေ့ညက အင်းလျားဆောင်ရှေ့ ဂစ်တာသွားတီးကြတာလေ အဲ့မှာ အဆောင်သူတွေ လုပ်ကျွေးလိုက်တဲ့ လက်ဖက်သုတ်တွေ တစ်ဖြဲနှစ်ဖြဲစားပြီး အခု ဗိုက်နာနေလေရဲ့"

"ဟောဗျာ..."

"ဒါနဲ့....ဒီည မာလာဆောင်ဘက်သွားဖြစ်မှာ လိုက်ဖြစ်ဦးမှာလား"

ပန်ချာပီက ကျွန်တော်တို့ နှစ်ယောက်ကြားတိုးဝင်းရင်း ဖိုးမောင်ဘက် မေးငေါ့ကာ မေးသည်။ ဖိုးမောင်က အရှေ့မလှမ်းမကမ်းမှ လမ်းလျှောက်နေသည့် မြတ်ကို တစ်ချက်ငေးကြည့်ရင်း ခေါင်းခါပြ၏။

"မင်းရော ကိုမောင်"

ကျွန်တော့် ပုခုံးကို တစ်ချက်တွတ်ရင်း မေးသည်။ အဆောင်နေကျောင်းသား မဟုတ်သည့်အတွက် သွားရေးလာရေးအဆင်မပြေတာက တစ်ကြောင်း၊ ပျင်းတာကတစ်ကြောင်းမို့ ခေါင်းသာခါပြလိုက်သည်။အဆောင်ရှေ့ ဂစ်တာတီးတယ်ဆိုမှ..။

"ဟုတ်သားပဲ"

"ဟမ်"

ကျွန်တော်သည် လမ်းလျှောက်နေခိုက် အတွေးတစ်ခုဝင်လာရာ ပါးစပ်မှ လွတ်ကနဲထွက်သွားချိန် ဘေးရှိ ပန်ချာပီနှင့် ဖိုးမောင်က ကျွန်တော့်အား ယောင်တောင်မောင်တောင် ကြည့်နေရှာသည်။ ကျွန်တော်သည် ထိုအခြင်းအရာအား မမြင်သလိုဟန်ဆောင်ရင်း မကြုံရသေးသော အခိုက်အတန့်အတွက် စိတ်လှုပ်ရှားခြင်းများစွာဖြင့် တွေးတောနေမိ၏။ဒီည အန်ကယ့်အိမ်ရှေ့ ဂစ်တာသွားတီးဦးမှပါလေ။

ထို့နောက် RCကိုအဖြတ်တွင် ဆိုင်းသံ၊ပတ္တလားသံကြား၍ သွားချောင်းကာ နားထောင်ဖြစ်သေးသည်။ငွေစာရင်းဌာနရှိရာ သိပ္ပံဆောင်ဘက်သို့ လခကြေးသွင်းရင်း ဥမ္မာတို့ ချိန်းလိုက်သည့် ဓမ္မာရုံနားသို့သွားရသေးသည်။  ပုစွန်ခွက်ကြော်ဆိုင်၏ မူလနေရာသည် တက္ကသိုလ်စာတိုက်ရှေ့တွင် ဖြစ်ရာ ယခုတွင် ဆိုင်နေရာသည်  တက္ကသိုလ်ဓမ္မာရုံဘက်တွင် ပြောင်းလဲဖွင့်လစ်ထားလေသည်။ပုစွန်ခွက်ကြော်ကို ရိုးရိုးသီးသန့်ချည်းလည်းကောင်း၊ပုစွန်ခွက်ကြော်ကို ကတ်ကြေးဖြင့်ညှပ်၊အချဥ်ရည်ဆမ်းကာ အသုတ်လုပ်၍စားခြင်းဖြင့်လည်းကောင်း ကိုယ်ကြိုက်နှစ်သက်သလိုစားသုံးနိုင်၏။မိနစ်အနည်းငယ် အကြာတွင် ကျွန်တော်တို့ ဝိုင်းရှိရာသို့ ဥမ္မာနှင့် စိုးစိုးအေးတို့ရောက်လာသည်။
ကျွန်တော်တို့ဝိုင်းတွင် လူကတော့မနည်း စုစုပေါင်းလူ၆ယောက်ရှိရာ ဥမ္မာနှင့် စိုစိုးအေးတို့သည် ရောက်တက်ရာရာ ပြောတတ်သည့်သူတွေမို့ စကားဝိုင်းကတော့ မပျင်းရ။

ကြယ်တစ်စင်းရဲ့ လရောင်အိပ်မက် (Completed)Opowieści tętniące życiem. Odkryj je teraz