ပြစရာလေး တစ်ခုရှိတယ်😁
မောင့်ရဲ့အန်ကယ့်ပုံလေးပါရှင့် personal use လေးမို့ ယူမသုံးကြဖို့တော့ မေတ္တာရပ်ခံပါတယ်ရှင့်🙏
ဒီအခန်းလေးလည်း မှတ်မိကြဦးမယ်လို့ ထင်ပါတယ်ရှင့်😁❤️ကဲ အဲ့တာဆို အပိုင်းသစ်လေး ဖတ်ကြရအောင်><
Unicode
ယခင်က လဖ္ဘရည်တစ်ခွက်သည် ကျွန်တော့်အဖို့ အပျင်းပြေသောက်စရာ၊ဒါမှမဟုတ်၊ပါးစပ်အာသာဖြေသောက်စရာသာ ဖြစ်ခဲ့သည်။ယခုမူ လဖ္ဘရည်တစ်ခွကသည် ကျွန်တော့်၏ ပင်ပန်းနွမ်းနှယ်မှုများ ဖြေဖျောက်စရာဖြစ်လာခဲ့ပြီ။ကျောင်းသားဘဝက
နေ့ချင်းညချင်းရပ်တန့်သွားတော့ ကျောင်းသားတစ်ယောက်၏ အနှစ်သာရသည် အလုပ်ခွင်ကြားက ကျွန်တော့်အတွက် ပျောက်ကွယ်လုနီးပါးဖြစ်လို့နေပြီ။တစ်နယ်စီတစ်နယ်ခြားက ခင်မင်ဖူးခဲ့သော သူငယ်ချင်းများကလည်း နေရပ်သို့ ပြန်သွားကြပြီဖြစ်သည်။နေ့စဥ်ရက်ဆက် ပြလိုက်ကြသည့် ဆန္ဒပွဲများကလည်း လက်ချိုးရည်၍ မရနိုင်၊ပေါ်တင်သော်လည်းကောင်း၊ပုန်းလျှိုးကွက်လျှိုးသော်လည်းကောင်း၊တရားဟောခြင်းများက ပြုလုပ်ကြသေးသည်။
ထိုကြားထဲ၌ ဖမ်းဆီးခံလိုက်ရသူများကလည်း အနည်းငယ် များပြားလာခဲ့သည်။ဖြစ်ပျက်သွားသည့် ရက်ပိုင်းအတွင်း အဖေ့၏ အလုပ်ရှင်အကူအညီဖြင့် ကျွန်တော်သည် စာတိုက်တစ်ခုတွင် အလုပ်လုပ်နေရပြီဖြစ်သည်။ယခင်က သွားချင်တိုင်းသွား၊လာချင်တိုင်းလာ လုပ်ခဲ့သည့် ကျွန်တော့်အဖို့ ယခုတွင် ပိတ်ရက်လေးသာ အားလပ်ရက်ရှိတော့သည့်အတွက် ဘယ်ကိုမှခြေမများနိုင်တော့ဘဲ လဖ္ဘရည်ဆိုင် ဒါမှမဟုတ် အိမ်တွင်သာ အနေများတော့သည်။တစ်ခါတစ်ရံတော့ အန်ကယ်တို့ဆီ ရောက်ဖြစ်သေးသည်။
YOU ARE READING
ကြယ်တစ်စင်းရဲ့ လရောင်အိပ်မက် (Completed)