part 1

1.1K 80 4
                                    

''ကျစ်!...''

နေ့တိုင်းနီးပါးတွေ့နေရတဲ့သူ့ထ်ိုင်ခုံပေါ်ကလက်ဆောင်ဘူးလေးတွေကိုကြည့်ပြီးဂျွန်ဂျောင်ကုတစ်ယောက်စိတ်ညစ်နေရပါသည်။ ဘယ်သူလာထားသွားတယ်ဆိုတာလဲမသိတော့ခက်သား။

''ဟျောင့် ဂျောင်ကု မင်းကတော့စွံတယ်ကွာ... ကျောင်းဖွင့်တာဘယ်လောက်မှမကြာသေးဘူး...လက်ဆောင်ဘူးတွေလဲနေ့တိုင်းကိုရတာနော်။ပြောစမ်းပါအုံး ဘာဆေးတွေများသုံးလဲဆိုတာ''

ဂျောင်ကုထိုင်ခုံဘေးနားကဟိုဆော့ကပြုံးရွှင်ပြီးဂျောင်ကုကိုစကားလှမ်းပြောနေသည်။

''ငါကမွေးရာပါချောပြီးသား...ဆေးမလိုဘူး''

ဂျောင်ကုကပြောပြီးလက်ကိုပိုက်ကာခြေချိတ်ပြီးခုံကိုမှီထိုင်လိုက်သည်။

''မေးမိတာတောင်မှားပါတယ်ကွာ...''

''ငါသိချင်တာဒီလက်ဆောင်တွေဘယ်သူပို့နေလဲဆိုတာဘဲ...စိတ်ရှုပ်လာပြီကွာ...ဘယ်သူမှန်းမသိတော့မပို့ပါနဲ့လို့လဲပြောလို့မရဘူး''

ဂျောင်ကုကခုံမှာထိုင်နေရင်းဟိုဆော့ကိုလှမ်းပြောလိုက်သည်။မျက်နှာကိုကြည့်ရင်တော့အမှန်တကယ်စိတ်ရှုပ်နေမှန်းသိသာလှသည်။ ဂျောင်ကုကပထမနှစ်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့အကြီးဆုံးကုမ္မဏီပိုင်ရှင်ရဲ့သားတစ်ယောက်လဲဖြစ်သည်။ရုပ်ရည်ကလဲပြောစရာမရှိအောင်ချောမောတာကြောင့် ယောကျာ်း၊မိန်းမ မရွေးလိုချင်နေကြသူတစ်ဦးဖြစ်သည်။ ဟိုဆော့ကတော့ဂျောင်ကုနဲ့ငယ်သူငယ်ချင်းဖြစ်ပြီးဂျောင်ကုအဖေတို့နဲ့စီးပွားရေးပါတနာတွေဖြစ်ကြသည်။ဂျောင်ကုကဟိုဆော့ဆိုတဲ့သူငယ်ချင်းတစ်ယောက်သာ ပေါင်းသည်။ မိဘတွေလဲရင်းနှီးတာကြောင့်ငယ်ပေါင်းကြီးဖော်တွေလိုဖြစ်ပြီး ပြောမနာဆိုမနာတွေဖြစ်ကြသည်။ ဟိုဆော့ကပျော်ပျော်နေတက်ပေမဲ့ဂျောင်ကုအမြဲတမ်းပြုံးနေတက်တာမျိုးမဟုတ်ဘဲ ခပ်ချေချေနဲ့ဂရုမစိုက်တက်တဲ့ပုံစံမျိုးဖြစ်သည်။ gym တွေဆော့တာကြောင့်ခန္ဓာကိုယ်ကတောင့်တင်းကာလက်တစ်လျှောက်လဲတက်တူးတွေထိုးထားသေးသည်။မိန်းကလေးတွေအသည်းစွဲရခြင်းထဲမှာနှုတ်ခမ်းအောက်ကမှဲ့နက်လေးလဲအပါအဝင်ဖြစ်သည်။

I am straight (Uni+Zaw)Where stories live. Discover now