part 20

381 40 5
                                    

ဒုန်း!!!

သူတို့အခန်းထဲကိုရုတ်တရပ်ဝင်လာတဲ့ဂျွန်ဂျောင်ကုကြောင့်ဆော့ဂျင်အပါအဝင် အခန်းထဲရှိအတန်းသားတွေလဲလန့်သွားကြရသည်။
ဒီကောင်လေး ဘာလားပေါ့...။

ဂျောင်ကုကသူတစ်ယောက်တည်းပင်ဝင်လာပြီးအတန်းထိပ်ကဆရာတွေစာအုပ်တင်တဲ့
စားပွဲခုံအမြင့်ပေါ်မှာလက်နှစ်ဖက်ကိုထောက်ချလိုက်ပြီးတစ်ခုခုပြောဖို့ကိုဟန်ပြင်လိုက်သည်။ဆော့ဂျင်အပါအဝင်အတန်းသားတွေကလဲဂျောင်ကုပြောမဲ့စကားကိုနားစွင့်နေကြသည်။

''ဒီမှာ!!...အားလုံးကိုတစ်ခါတည်းပြောထားလိုက်မယ်။ကိုယ်နဲ့မဆိုင်တာ ကိုယ့်အလုပ်မဟုတ်တာကိုအာဝင်ချောင်ဖို့နည်းနည်းလေးမှစိတ်မကူးနဲ့။ မင်းတို့စိတ်တွေနဲ့နှိုင်းပြီး
သူများသိက္ခာကိုထိပါးပြောဆိုလာရင်တော့
ငါသည်းခံနေမှာမဟုတ်ဘူး။အထူးသဖြင့်
ငါ့ကောင်လေး...''

ဂျောင်ကုကထိုသို့ပြောပြီးဆော့ဂျင်ရှိရာနေရာကိုလှမ်းကြည့်လိုက်ပြီးခပ်ရေးရေးလေးပြုံးပြလိုက်သည်။အတန်းထဲကလူတွေကလဲဆော့ဂျင်ကိုလှည့်ကြည့်ကြပြီး တဝိုးဝိုးနဲ့
အားကျသံတွေတိုးတိုးတိတ်တိတ်လေးထွက်လာခဲ့သည်။

ငါ့ကောင်လေးလို့ပြောရတာဘယ်လောက်အားရလိုက်သလဲ။

ဂျောင်ကုကခုံကိုလက်နဲ့နှစ်ချက်လောက်
ရိုက်လိုက်ပြီးအတန်းသားတွေကိုစကားဆက်ပြောသည်။

''ငါ့ကောင်လေးစိတ်ညစ်အောင် စိတ်ရှုပ်အောင်မဟုတ်တမ်းတရားတွေနဲ့ အာရုံလာနောက်ရင်ငါကဒီတိုင်းငြိမ်ခံနေမှာမဟုတ်ဘူး။
ယောကျာ်းလေးရော မိန်းကလေးရော
နှစ်မျိုးလုံးရိုက်တက်တယ်။''

ဂျောင်ကုကထိုနေရာကိုဖိပြောလိုက်ပြီး
အတန်းသားတွေကိုစူးစူးရဲရဲဝှေ့ဝိုက်ကြည့်လိုက်ကာသတိပေးလိုက်သည်။
သူတို့လိုစီနီယာတန်းကိုတောင်မကြောက်
မလန့်နဲ့တစ်ယောက်တည်းလာခြိမ်းခြောက်ရဲတဲ့ဂျောင်ကုကိုဆော့ဂျင်တို့အတန်းထဲက
သူတွေကလဲရှိန်သွားကြသည်။
နောက်တစ်ခါ ထိုသို့မဟုတ်တမ်းတရားတွေ
ဆော့ဂျင်ဆီကကြားရပါက ယခုဂျောင်ကု
ပြောသွားတာတွေဟာ ခြိမ်းခြောက်နေတာ
မဟုတ်ဘူးဆိုတာသူတို့သိရလိမ့်မည်။

I am straight (Uni+Zaw)Where stories live. Discover now