part 17

287 42 5
                                    

''ထယ်ယောင်း ဆော့ဂျင်ရော။ ဆော့ဂျင်မပါဘူးလား''

ကျောင်းကိုအစောကြီးကြိုရောက်နေတဲ့
ဂျောင်ကုက ဆော့ဂျင်နဲ့အမြဲတမ်းအတူတူလာနေကြထယ်ယောင်းကိုမေးလိုက်သည်။
ဆော့ဂျင်ကိုသူချစ်တယ်လို့ဝန်ခံလိုက်တဲ့နေ့တည်းကဆော့ဂျင်ကကျောင်းမတက်တော့တာဖြစ်သည်။ဂျောင်ကုကမေးတော့ ထယ်ယောင်းကသက်ပြင်းချပြီးခေါင်းခါပြသည်။
သဘောကတော့ ဒီနေ့လဲဆော့ဂျင်ကျောင်းမလာပြန်ဘူးပေါ့။ ဘယ်လိုလုပ်ရမလဲ
ဒီနေ့နဲ့ဆိုဆော့ဂျင်ကျောင်းမလာတာ သုံးရက်ရှိပြီ။

''ငါဆော့ဂျင်အိမ်ကိုလိုက်သွားမယ်''

ဂျောင်ကု ဆော့ဂျင်အိမ်ကိုလိုက်သွားမလို့ပြင်လိုက်ချိန် ထယ်ယောင်းကလှမ်းတားလိုက်သည်။

''ဆော့ဂျင်ကိုနည်းနည်းလောက်စဥ်းစားခွင့်ပေးလိုက်ပါ။သူလဲအချိန်လိုအပ်မှာပေါ့''

ထယ်ယောင်းရဲ့စကားကိုဂျောင်ကုက ဘဝင်မကျစွာမျက်မှောင်ကြုတ်ထားပေမဲ့ ဘာမှတော့ပြန်မပြောပါ။ထိုအခါ ဟိုဆော့ကပါ
ဝင်ပြောရတော့သည်။

''ဟုတ်ပါတယ်ကွာ မင်းကလဲ။နည်းနည်းလောက်တော့အချိန်ပေးလိုက်ပါ''

''ကျစ်* သုံးရက် သုံးရက်တောင်ရှိပြီလေကွာ''

ဂျောင်ကုကအလိုမကျစွာညီးညူ​ေတာ့ဟိုဆော့ကပင်အားပေးရတော့သည်။

''အရမ်းမလောပါနဲ့။စိတ်ကိုနည်းနည်းတော့ရှည်ထားစမ်းပါကွာ။အခုတော့ အတန်းသွားတက်ကြမယ်''

ဟိုဆော့က ဂျောင်ကုကိုချော့မော့ကာ အတန်းထဲခေါ်သွားပြီး ထယ်ယောင်းကို အဆင်ပြေမှာပါဆိုတဲ့အကြည့်နဲ့ကြည့်ကာသူလဲ
ထယ်ယောင်းကိုအသံတိတ်နှုတ်ဆက်
လိုက်သည်။

.......

''သားရေ...ဆော့ဂျင်။ဒီနေ့လဲကျောင်းမသွားပြန်ဘူးလား။ဒီကောင်လေး ဘာဖြစ်နေတာပါလိမ့်။နေများမကောင်းလို့လား။မေမေဝင်လာခဲ့မယ်နော်''

ဆော့ဂျင်ရဲ့အခန်းတံခါးရှေ့မှာရပ်ပြီး
မစ္စကင်မ်ကမေးနေခြင်းဖြစ်သည်။
သုံးရက်လုံးကျောင်းမသွားဘဲအိမ်တွင်းပုန်းနေတဲ့သားဖြစ်သူက ကျောင်းမှာရည်းစားစကားအပြောခံရလို့ ကျောင်းမသွားချင်တာကို မစ္စကင်မ်တို့မသိပါ။

I am straight (Uni+Zaw)Where stories live. Discover now