part 9

379 50 4
                                    

ဆော့ဂျင်ကိုတွေ့ဖို့ဂျောင်ကုပြေးဆင်းလာခဲ့မိသည်ကိုတောင် ကိုယ့်ကိုယ်ကိုယ်
သတိမထားမိပါ။ဆော့ဂျင် ပြုံးနေတာကို
လှမ်းတွေ့လိုက်ပြီး သူလဲဘာရယ်မဟုတ်
ပြုံးလိုက်မိသည်။
အကွယ်တနေရာမှာ ကိုယ်ရှိန်သတ်လိုက်ပြီး
ဆော့ဂျင်တို့ရှိရာကို ခုနက​ပြေးလာတာ
သူမဟုတ်သလိုခပ်တည်တည်နဲ့လျှောက်သွားလိုက်သည်။
ဆော့ဂျင်တို့သုံးယောက်ကတော့ ဘာတွေပြောပြီးရီမောနေကြမှန်းမသိပါ။

ဟိုဆော့တို့နဲ့ခင်လာတာကြာပြီဆိုတော့
ထယ်ယောင်းနဲ့ဆော့ဂျင်လဲပိုပြီးရင်းနှီးကာ
အရင်ကထပ်လွတ်လွတ်လပ်လပ်
ရှိလာသည်။ထယ်ယောင်းနဲ့ဆော့ဂျင်
ကျောင်းလာရင်း တစ်ယောက်တည်းဖြစ်နေတဲ့ ဟိုဆော့နဲ့ကျောင်းရှေ့မှာ ဆုံမိကြပြီး
ကျောင်းထဲကိုသုံးယောက်သား
စကားတပြောပြောနဲ့ဝင်လာခြင်းဖြစ်သည်။

''ထယ်ယောင်းရာ...ဂျောင်ကုတို့က
ဗလအားကိုးနဲ့သာအနိုင်ကျင့်နေတာ
တကယ်ကျသူကစောက်ပေါကြီး
ဟား...ဟား....ဟား.....''

မနက်တုန်းက သူ့ကိုမစောင့်ဘဲကျောင်းကို
အစောကြီးသွားတဲ့ဂျောင်ကုအကြောင်းကို
ဟိုဆော့တို့ ဖောက်သည်ချနေသည်မှာ
ထယ်ယောင်းတို့နဲ့ကျောင်းရှေ့မှာ
ဆုံတဲ့အချိန်တည်းကဖြစ်သည်။
ဟိုဆော့ရဲ့တဟားဟားရီသံကြောင့်
ဆော့ဂျင်တို့နှစ်ယောက်လဲပါးစပ်စိ၍
မရတော့ပါ။

''အဲ့ဒါဆိုလဲကွာ...အနိုင်ကျင့်မခံနဲ့ပေါ့
ပိတ်ပတ်ရိုက်ပစ်လိုက်...''

ဆော့ဂျင်ကလဲ ရီသံနှောကာ ဟိုဆော့ကို
လက်ဟန်ခြေဟန်နဲ့ပါပြောလိုက်ပြီး
တမင်မြှောက်ပေးလိုက်သည်။
ဟိုဆော့ကချောင်းတချက်ဟန့်လိုက်ပြီး

''အဟမ်း...အဲ့လိုတော့လဲမလုပ်ချင်ပါဘူး။
သူ့ကိုကြောက်လို့မဟုတ်ဘူးနော်။
သူငယ်ချင်းအချင်းချင်းရန်မဖြစ်ချင်လို့''

ဟိုဆော့အကြောင်းကိုသိနေပြီဖြစ်တဲ့
ထယ်ယောင်းနဲ့ဆော့ဂျင်ကတော့
သဘောကျနေတော့သည်။

''အဲ့ဒါဆိုမင်းက ဂျောင်ကုကိုတကယ်မကြောက်ဘူးပေါ့''

ထယ်ယောင်းကမေးလိုက်သည်။

I am straight (Uni+Zaw)Where stories live. Discover now