part 4

484 66 5
                                    

''ငါကstraightကွ အောင်မာ သူ့ကိုဘဲ
ကြိုက်ရအုံးမယ် ဝေးသေး''

ဆော့ဂျင်ကထွက်သွားတာတောင် လှမ်းအော်ပြီးကိုယ့်ကိုကိုယ်straightမှန်းသိအောင်
ကြော်ငြာနေတဲ့ဂျောင်ကုကို ဟိုဆော့လဲ
အမြင်ကပ်ပြီးနားရင်းကြီးပိတ်ရိုက်ပစ်ချင်တဲ့စိတ်တွေကပေါ်လာသည်။

''တော်ပါတော့ ဂျောင်ကုရာ ဟိုကဖြင့်
အဝေးကြီးရောက်နေပြီ မင်းကအော်လို့မပြီးသေးဘူး''

ဟိုဆော့ပြောတော့ဂျောင်ကုကဆူပုတ်ပုတ်နဲ့
ရပ်လိုက်သည်။ပြီးတော့ ဟိုဆော့ကိုခါးထောက်ပြီး မျက်မှောင်ကြီးကြုတ်ရင်း

''ဟျောင့် ဟိုဆော့ အဲ့ကောင်ကြောင်းငါ့ကိုစုံစမ်းပေးစမ်း''

ဟိုဆော့ကတအံ့တသြနဲ့ဂျောင်ကုကိုကြည့်လိုက်သည်။

''မင်းကဘာလုပ်မလို့လဲ မင်းကိုလက်ဆောင်တွေပို့တာသူမဟုတ်ဘူးလို့ပြောပြီးပြီလေ
ဘာလုပ်မှာလဲ သိချင်ကိုယ့်ဘာသာစုံစမ်း''

''သူလိမ်နေတယ်ဆိုတာ ငါသိနေတယ်''

''အောင်မာ မင်းကကြိုနေရအောင်
ဗေဒင်ဆရာလား ဇွတ်တွေပြောနေတယ်နော်
မင်းတော့မရိုးတော့ဘူး''

''ဘာ ဘာကိုငါကမရိုးရမှာလဲ သူဟုတ်မဟုတ်ဆိုတာ လက်ပူလက်ကြပ်ဖမ်းချင်လို့
သူကငါ့နောက်ကိုနောက်ယောင်ခံပြီးဒီအထိလိုက်လာတာလားမသိဘူး ဖြစ်နိုင်တယ်
ငါ့ကိုသွားစုံစမ်းပေးစမ်းပါကွာ''

ကိုယ်ကိုကိုယ်စိတ်ကြီးဝင်နေတဲ့ဂျောင်ကုကို
ကြည့်ပြီးဟိုတော့လဲခေါင်းခါရင်းစကားတစ်ခွန်းသာပြောနိုင်တော့သည်။

ဆေးမမှီတော့ဘူး...

ဟိုဆော့လဲဂျောင်ကုသိချင်နေတဲ့ထိုကောင်လေးအကြောင်းကိုကောင်တာမှာသွားစုံစမ်းလိုက်သည်။ ခဏကြာတော့ဟိုဆော့ပြန်ရောက်လာပြီးမျက်နှာမှာလည်းအံ့သြရိပ်လေးအနည်းငယ်သန်းနေသည်။
ဂျောင်ကုကိုပြောပြလိုက်တော့...

''ဘာ!!!!''

''နားကန်ပါပြီဂျောင်ကုရာ ဖြေးဖြေးအော်ပါ''

''မင်းပြောတာတကယ်ဘဲလား''

''ဪ ဟုတ်ပါတယ်ဆို သွားလဲစုံစမ်းပေးရသေးတယ် လူကိုမယုံသက်ာနဲ့ အဲ့လိုဆိုလဲ
ကိုယ့်ဘာသာသွားမေးပါလား မေးလဲမေးပေးရသေးတယ် အအော်လဲခံရသေးတယ်
ဂျောင်ဟိုဆော့ဘဝကတော်တော်သနားစရာကောင်းတာပါလားနော်''

I am straight (Uni+Zaw)Where stories live. Discover now