Part 16

346 40 5
                                    

''ဘာမှဒီလိုမရှိနဲ့ပေးအဲ့စာ...။နောက်တစ်ခါ
ဒီလိုမျိုးတွေလက်ခံထားရင် မင်းကိုတိရစ္ဆာန်ရုံမှာသွားရောင်းစားပစ်မယ်''

ဂျောင်ကုကဟိုဆော့လက်ထဲကစာအိတ်ကို
ဆွဲလုပြီးအခန်းထဲကိုဒေါနဲ့မောနဲ့ဝင်သွားသည်။ဟိုဆော့ကသာ ခေါင်းကုတ်ရင်း
အူလည်လည်လေးနဲ့ကျန်နေခဲ့၏။

အခန်းထဲရောက်တော့ ဟိုဆော့လက်ထဲကဆွဲလုလာတဲ့စာကို ‌ဂျောင်ကုကြည့်လိုက်မိသည်။

အခုခေတ်မှာဘယ်သူက ရည်းစားစာ‌ပေးတော့လို့လဲစောက်ရူးလား ဦးနှောက်ကျပ်လဲမပြည့်ဘူး။

ဂျောင်ကုလက်ထဲကစာအိတ်လေးကဆိုရင်
ဖြင့်လုံးချေခြင်းခံလိုက်ရပြီးပြတင်းပေါက်အပြင်ဘက်ကိုဝှီးခနဲဆိုပြီးရောက်သွားတော့သည်။

....

ကျောင်းထမင်းစားနားချိန်ဖြစ်တာကြောင့်ကန်တင်းတွင် ကိုယ့်သူငယ်ချင်းတွေဖြင့်
ဟိုတစ်စုသည်တစ်စုကန်တင်းပြည့်အောင်
စည်ကားနေသည်။
သူငယ်ချင်းတွေနဲ့စကားပြောရင်းရီရီမောမော
စားသောက်နေကြတဲ့ကျောင်းသူကျောင်းသားတွေရှိသလို အခုချိန်မရီနိုင်
မပြုံးနိုင်ဖြစ်ပြီး ထမင်းတောင်မျိုမကျတဲ့
သူတစ်ယောက်ရှိလေသည်။

''ဂျီမင်းနဲ့ဆော့ဂျင်ကတော်တော်ရင်းနှီးကြတာဘဲနော်''

အတူတူဘေးချင်းကပ်ထိုင်ကာ စကားတွေပြောရင်းစားသောက်နေတဲ့ဂျီမင်းနဲ့ဆော့ဂျင်ပုံစံကိုကြည့်ကာ ဟိုဆော့ကပြောလိုက်ခြင်းဖြစ်သည်။

''ဒါကဒီလိုရှိတယ်လေ...''

ဆော့ဂျင်ကပြောမလို့ပြင်နေတုန်းက ဂျီမင်
ကဆော့ဂျင်ကလက်ကိုကိုင်ကာ မပြောဖို့ရန်
မသိမသာအချက်ပြလိုက်ခြင်းကြောင့်
စကားစကရပ်သွားခြင်းဖြစ်သည်။

''ဆက်ပြောလေ..''

''ထားလိုက်ပါ ဘာမှမဟုတ်တော့ဘူး''

ဒုန်း!

ဂျောင်ကုကတူကိုစားပွဲပေါ်ဆောင့်ချလိုက်တာကြောင့် ဆော့ဂျင်၊ထယ်ယောင်း၊ဂျီမင်နဲ့
ဟိုဆော့အပါအဝင် အနည်းငယ်ဘဲ
ရှိတော့တဲ့ကန်တင်းကလူတွေကလဲဂျောင်ကုတို့ဝိုင်းကိုလှည့်ကြည့်ကြသည်။
ဂျောင်ကုကမျက်မှောင်ကြီးကြုတ်ကာ
မတ်တပ်ထရပ်လိုက်ပြီး
ဆော့ဂျင်နားမှာကပ်ထိုင်နေတဲ့ဂျီမင်ရဲ့အင်္ကျီ
ဂုတ်ကနေဆွဲမကာ တွန်းထုတ်လိုက်သည်။
ပြီးတော့ သူကဆော့ဂျင်နားမှာပြန်ထိုင်လိုက်၏။

I am straight (Uni+Zaw)Where stories live. Discover now