part 5

458 56 6
                                    

ဆောင်းရာသီရဲ့အေးမြမှုကြောင့်အိပ်ကောင်းကောင်းနဲ့
အိပ်လိုက်တာကျောင်းနောက်ကျတဲ့အဖြစ်ကို
ရောက်ချေပြီ။စာမေးပွဲလည်းနီးနေတာကြောင့်
အတန်းချိန်မလွတ်ဖို့အရေးအလျင်အမြန်ပြေးရတော့သည်။

ဒုတ်!

အ့!

နာရီတကြည့်ကြည့်နဲ့ပြေးလာတာကြောင့်ကျောင်းထဲလဲ
ရောက် ရောလူတစ်ယောက်နဲ့တိုက်မိပါတော့သည်။
လဲကျမသွားပေမဲ့ကိုယ်ကယိုင်သွားတာကြောင့်
တဖက်လူကိုတောင်းပန်ဖို့ပြင်လိုက်သည်။

''တောင်းပန်ပါတယ်ခင်​ဗျ။ ကျွန်တော်မမြင်လိုက်လို့ပါ''

ဟိုဆော့ကယဥ်ယဥ်ကျေးကျေးနဲ့တောင်းပန်တော့
တဖက်လူကလဲပြူငှာစွာဖြင့်

''ရပါတယ် ကျွန်တော်လဲသွားစရာရှိလို့လောနေတာနဲ့
မမြင်လိုက်ဘူးဖြစ်သွားတာ''

ထယ်ယောင်းတို့စိုက်ပျိုးရေးမေဂျာအတွက် လိုအပ်တဲ့
ပစ္စည်းတွေကိုဆရာမက ECဖြစ်တဲ့ထယ်ယောင်းကို
သွားယူခိုင်းတာကြောင့်ထယ်ယောင်းလာယူခြင်း
ဖြစ်သည်။သိပ်မများဘူးထင်ပြီးဆော့ဂျင်ကိုတောင်
မခေါ်လာမိပါ။ဒါပေမဲ့ ပစ္စည်းကနည်းနည်းများနေသလို
ဆရာမလဲစောင့်နေရမှာစိုးတာကြောင့်အရှေ့ကိုမကြည့်ဘဲ
ခပ်သွက်သွက်လေးလျှောက်လာကာမှဟိုဆော့နဲ့
တိုက်မိခြင်းဖြစ်သည်။

''ကျွန်တော်ပြန်ကောက်ပေးမယ်နော်''

ထယ်ယောင်းလက်ထဲကပြုတ်ကျသွားတဲ့ပစ္စည်းတချို့ကို
ဟိုဆော့ကတစ်ခုချင်းစီလျင်လျင်မြန်မြန်နဲ့လိုက်ကောက်
ပေးနေသည်။ထိုစဥ် မလှမ်းမကမ်းကနေ
ဆော့ဂျင်ကထယ်ယောင်းနာမည်ကိုခေါ်ပြီးအနားရောက်
လာသည်။

''ထယ်ယောင်း...''

ပစ္စည်းတွေသွားယူတဲ့ထယ်ယောင်းကကြာနေတာကြောင့်
ဆော့ဂျင်လိုက်လာမိခြင်းဖြစ်သည်။

''မင်းကြာနေလို့ငါလိုက်လာတာ''

အနားကိုရောက်လာပေမဲ့ဟိုဆော့ကိုမမြင်သေးဘဲ
ထယ်ယောင်းဘက်ကိုလှည့်ပြီးဆော့ဂျင်ကစကားပြော
နေသည်။ဆော့ဂျင်မေးလိုက်တော့ထယ်ယောင်းက

I am straight (Uni+Zaw)Where stories live. Discover now