part 6

410 56 6
                                    

တောက်!

ငါ့လိုလူ ငါ့လိုလူ...ငါကဘာဖြစ်နေလို့လဲ
သူ့ကိုယ်သူအရမ်းသိအရမ်းတက်နေတဲ့ဆရာကြီးလာလုပ်နေရတာလဲ။
ငါ့ကိုဘာမှနားမလည်ဘူးလို့ထင်နေတာလား။

''မကျေနပ်ဘူး။ငါ့ကိုအဲ့လိုပြောပြီးဒီတိုင်းထွက်သွားလို့
ရရောလား။''

သူ့ကိုပြောဆိုပြီးဂရုမစိုက်စွာထွက်သွားတဲ့ဆော့ဂျင်ကို
ဂျောင်ကုအခဲမကြေဖြစ်နေသည်။ဘာတဲ့
ငါ့လိုလူကဒါတွေနားလည်မှာမဟုတ်ဘူးဟုတ်လား။
ထွက်သွားတဲ့ဆော့ဂျင်နောက်ကို လိုက်ပြီးရန်ရှာဖို့ပြင်နေတဲ့
ဂျောင်ကုကို ဟိုဆော့တားရတော့သည်။
အခုမှသူငယ်ချင်းစဖြစ်တာအခုချက်ချင်းရန်တွေထဖြစ်
ကြတယ်ဆိုတာတော့သိပ်မဟုတ်သေးဘူး။

''တော်ပါတော့ ဂျောင်ကုရာ စိတ်ထိန်းစမ်းပါ။
မင်းကအရင်ဆုံးစကားပြောမဆင်ခြင်တာလေ။
ဘာလို့ သူတို့မေဂျာကို အလကားလေး
ဘာလေးနဲ့သွားပြောသေးလဲ။မင်းမပြောရင်
ဟိုကသူ့ဘာသာသူနေတာပါကွာ။စိတ်လျှော့ပါတော့''

ဟိုဆော့ပြောတာလဲမှန်နေတော့ဂျောင်ကု
စိတ်ကိုထိန်းလိုက်သည်။ထမင်းလဲဆက်စားချင်စိတ်မရှိတော့တာနဲ့အတန်းထဲသာပြန်လာခဲ့တော့သည်။
.
.
.
.
.
.

ညနေကျောင်းဆင်းချိန်တွင်ဖြစ်သည်။

''ဆော့ဂျင် ငါနဲ့တစ်ခါတည်းလိုက်ခဲ့လေ။
မင်းအိမ်ကလာကြိုတာနောက်ကျနေတယ်
မလား''

ထယ်ယောင်းကဆော့ဂျင်ဘေးမှာရပ်ကာဆော့ဂျင်အိမ်က
လာအကြိုကိုစောင့်ပေးရင်းပြောနေသည်။

''နေပါစေ ရတယ် ထယ်ယောင်း။မင်းပြန်တော့လေငါအဆင်ပြေတယ်။ငါ ဘက်စ်ကားစီးပြီးပြန်လိုက်မယ်လမ်းမှာအပင်အားဆေးလေးနည်းနည်းဝယ်ချင်သေးလို့''

''မင်းရလို့လား။ငါပါလိုက်ခဲ့မယ်လေ။မင်းကိုစိတ်မချဘူးလိုက်ခဲ့မယ် နော် နော်''

ထယ်ယောင်းကဆော့ဂျင်ရှေ့မှာရပ်လိုက်ပြီး
ဆော့ဂျင်သွားတဲ့နောက်ကိုလိုက်ဖို့ပြောနေသည်။

''ထယ်ယောင်းရာ သွားစမ်းပါ။
ကြက်သီးထအောင်
ငါ့ကိုအဲ့လိုလေသံမျိုးနဲ့လာမပြောစမ်းပါနဲ့။
မင်းဘာသာပြန်စရာရှိတာပြန်။
ငါ့ကိုစိတ်ပူမနေနဲ့။သွားတော့ သွားတော့။
မင်းအိမ်က ကားစောင့်နေတာ အားနာစရာကြီး။''

I am straight (Uni+Zaw)Where stories live. Discover now