part 2

527 72 4
                                    

ပုံမုန်ကျောင်းဖွင့်ရက်တွင်ဖြစ်သည်။ ဒါပေမဲ့ဒီနေ့ကတော့ နည်းနည်းထူးခြားတယ်မလား ဘာလို့ဆို မေဂျာကအဖွဲ့လိုက်ကွင်းဆင်းလေ့လာဖို့ရှိတယ်လေ ယူထားတာက စိုက်ပျိုးရေးမေဂျာဆိုတော့။ စိုက်ပျိုးရေး
မေဂျာဆိုပေမဲ့အထင်မသေးနဲ့နော် ကျွန်တော်တို့လိုစိုက်ပျိုးရေးပညာရှင်တွေရှိနေလို့ နိုင်ငံကလူတွေအသီးအနှံတွေစားရတာ ဖေဖေကတော့ပြောပါတယ် သူ့ကုမ္မဏီကို ဦးစည်းဖို့
မေဂျာကောင်းကောင်းလေးယူပါတဲ့။ ဘာလုပ်မှာလဲ ကိုယ်မှဝါသနာမပါတာ။ ကိုယ်ဝါသနာပါတာဘဲ ကိုယ်လုပ်မှာပေါ့ ဟုတ်တယ်မလား။ ပြီးတော့ ဖေဖေ့ကုမ္မဏီကို
ကြည့်ဖို့က ကိုကိုရှိတာဘဲကို ကိုယ်ကအေးဆေးကြိုက်တာလုပ်လို့ရတယ် မရလဲလုပ်မှာဘဲလာမတားနဲ့။ ငယ်ငယ်တည်းက အပင်လေးတွေစိုက်ရတာဝါသနာပါတယ်
ပြီးတော့ ကျွန်တော်ကိုယ်တိုင်စိုက်ထားတဲ့ အသီးအနှံတွေကို စျေးသက်သက်သာသာနဲ့
ရောင်းချပေးချင်တယ်။ ကျွန်တော့်စိုက်ခင်းက လုံးဝ ဓာတုမပါတဲ့ သဘာဝ အော်ဂဲနစ်
ကိုစိုက်မှာ အဲ့ဒါမှ ကိုယ့်စိုက်ခင်းက ထွက်တဲ့သီးနှံတွေကိုစားပြီး အန္တရာယ်မဖြစ်တော့မှာပေါ့။ ပြီးတော့ ပန်းပင်စိုက်ရတာလဲ ကြိုက်တယ်။ ပန်းလေးတွေကိုသဘောကျတယ် မခူးဘဲနဲ့သူတို့အပင်ပေါ်မှာ လှပစွာပွင့်လန်းနေတာကိုမြတ်နိုးတယ်။ ငါစိတ်ထားလေးက တကယ်ကောင်းတာပါလားနော်
ကင်မ်ဆော့ဂျင် ကင်မ်ဆော့ဂျင် စိတ်ထားလေးကလဲလှ လူလေးကလဲအပြစ်ပြောစရာမရှိအောင်ချောနေတော့ ​
လူ့ကြိုက်များတာမစမ်းပါဘူး။ ပြောလို့ပြောတာမဟုတ်ဘူး ကြည့်လေကြည့်လေ ငါကချောလေဘဲ။

''ဟျောင့်! ဆော့ဂျင်''

ဆော့ဂျင် ကိုယ့်အတွေးနဲ့ကိုယ်လမ်းလျှောက်နေရင်းအနောက်ကနေ မျောက်လောင်းက လာပြီးနှောက်ယှက်လိုက်တာ လန့်သွားတာဘဲ။

''မင်းမေလင်...လန့်လိုက်တာကွာ
ချီးလိုဘဲ''

ဆော့ဂျင်ပြောတော့ ထယ်ယောင်းကသူ့ရဲ့မူပိုင်အပြုံးလေးနဲ့ရီရီမောမောစကားဆိုသည်။

''မင်းကလဲကွာ ဒါလေးစတာကိုဘာဖြစ်တာလဲ။ သူငယ်ချင်း ချင်းချင်းကိုမကြိုက်တာလား မရဘူးကွာ မင်းမကြိုက်လဲစမှာဘဲ''

I am straight (Uni+Zaw)Where stories live. Discover now