part 13

367 43 5
                                    

citymark တစ်ခုတွင်ဖြစ်သည်။

''ထယ်ယောင်း ဖယ်ကွာ..ငါတစ်ထုပ်ဘဲဝယ်မလိုပါဆို''

''ဆော့ဂျင်တော်တော့လေကွာ မင်းစားလို့တောင်မကုန်သေးတာကို''

citymark ၏မုန့်တန်းတွေရှေ့တွင်
ထယ်ယောင်းနဲ့ဆော့ဂျင် အချင်းများနေခြင်းဖြစ်သည်။အကြောင်းကတော့
ဝယ်ထားပြီးသား ဂျယ်လီတွေတောင်မကုန်သေးဘဲ အခုဘဲ ဂျယ်လီတွေထပ်ဝယ်ဖို့လုပ်နေတဲ့ဆော့ဂျင်ကိုထယ်ယောင်းကတားနေခြင်းဖြစ်သည်။

''အဲ့ဒါတွေကုန်သွားရင်ငါကဘာသွားစားရမှာလဲ။မရဘူး ဝယ်မှာဘဲ''

''ကားထဲမှာအများကြီးရှိသေးတယ်လေ။
ပြီးတော့ ကုန်မှထပ်ဝယ်ပါလား။ရှိတာတွေအရင်ကုန်အောင်စားပါအုံး ဆော့ဂျင်ရဲ့''

''ဘာကိုအများကြီးရှိသေးတာလဲ နှစ်ထုပ်ပဲ
ရှိတော့လို့ပါဆို။ကုန်သွားရင် နောက်တစ်ခေါက်ထပ်မဝယ်ရအောင်
တခါတည်းဝယ်မှာလို့''

ထယ်ယောင်းကဆော့ဂျင်ရဲ့ရှေ့မှာပိတ်ရပ်ကာ ဆော့ဂျင်ကိုလက်နှစ်ဖက်ဆန့်တန်း၍
တားနေသည်။ထိုချိန် ဂျောင်ကုနဲ့ဟိုဆော့က
ရောက်လာသည်။သူတို့ခရီးထွက်မယ်ဆိုတဲ့အစီစဥ်ကြောင့် အားလုံးတိုင်ပင်ပြီးနောက်
သဘောတူထားတဲ့နေရာကိုထွက်လာတော့သည်။မရောက်ခင် citymark
တစ်ခုမှာလိုတာလေးဝင်ဝယ်နေကြခြင်းဖြစ်သည်။

''ဘာတွေဖြစ်နေကြတာလဲ''

ဂျောင်ကုရဲ့အမေးကိုဆော့ဂျင်က မကျေနပ်တဲ့မျက်နှာနဲ့ထယ်ယောင်းကိုလက်ညိုးထိုးကာပြန်တိုင်၏။

''အဲ့ကောင်ပေါ့ ငါဂျယ်လီဝယ်မလို့ပါဆို
ငါ့ကိုမဝယ်ခိုင်းဘူး။သူ့ပိုက်ဆံနဲ့ဝယ်ခိုင်းတာလဲမဟုတ်ဘဲနဲ့''

''ငါရှိသေးလို့ထပ်မဝယ်ခိုင်းတာလေ။
တော်ကြာ မကုန်ရင်ဘယ်လိုလုပ်မလဲ''

''ကုန်ပါတယ် ငါစားနိုင်တယ်လို့''

''သူစားချင်လို့ဝယ်တာ ဝယ်ပါစေ''

ဂျောင်ကုကပြောလိုက်တော့ ဆော့ဂျင်ပျော်သွားသလိုနှစ်မဲတစ်မဲဖြစ်နေတာကြောင့်
ထယ်ယောင်းလဲလက်လျော့ကာ
ဟိုဆော့နဲ့တူတူကောင်တာဘက်ကိုထွက်သွားတော့သည်။

I am straight (Uni+Zaw)Where stories live. Discover now