part 8

375 52 7
                                    

*wtf*

''ချီးလိုဘဲ...ဂျွန်ဂျောင်ကုရေ...''

ဂျောင်ကု ကိုယ့်ကိုကိုယ်အားမလိုအားမရဖြစ်ကာကျိန်ဆဲ
မိတော့သည်။အကြောင်းမှာတော့.....
ဆော့ဂျင်အကြောင်းတွေးမိခြင်းကြောင့်ဖြစ်သည်။

''ဂျွန်ဂျောင်ကု မင်းကအဖြောင့် မင်းယောကျာ်းလေးတွေ
မကြိုက်ဘူး...ဟုတ်တယ် ဟုတ်တယ်''

ဂျောင်ကုကိုယ့်ကိုကိုယ်ငြင်းနေလဲသူ့အတွေးတွေကတော့
ဆော့ဂျင်တို့နဲ့အပြင်သွားတဲ့နေ့ကအကြောင်းတွေဆီကို
ပြန်ရောက်သွားသည်။
.
.
.
.
.
.
''ဆော့ဂျင်ငါတို့အရုပ်ကောက်ရအောင်''

အကြွေစေ့ထည့်ပြီးအရုပ်ကောက်ရတဲ့စက်ကိုတွေ့တော့
ဆော့ဂျင်လက်ကိုဆွဲပြီးထယ်ယောင်းကပြောလိုက်သည်။

''မင်းကကောက်တက်လို့လား''

''မင်းကလဲအထင်သေးလိုက်တာကွာ...ရသွားမှလာမတောင်းနဲ့နော်''

''ကြည့်ကြသေးတာပေါ့''

''ဟိုဆော့ မင်းရောအရုပ်ကောက်အုံးမလား''

ဟိုဆော့တို့ကိုထယ်ယောင်းကလှမ်းမေးလိုက်သည်။

''တော်ပါပြီ ကျွန်တော်မကောက်တက်ဘူး''

ထယ်ယောင်းကအကြွေစေ့သွားဝယ်လိုက်ပြီး အရုပ်ကောက်တဲ့
စက်ဆီပြန်လာကာဆော့ဂျင်ကိုကြည်ံ့ထားဆိုတဲ့မျက်နှာဘေးနဲ့
ကြည့်လိုက်ပြီးအကြွေစေ့တစ်ခုထည့်လိုက်သည်။
ဂျောင်ကုကတော့လက်ကြီးပိုက်ပြီးထယ်ယောင်းလုပ်တာကို
ကြည့်နေလိုက်သည်။ထယ်ယောင်းခလုတ်ကိုစနှိပ်လိုက်သည်။
ပြီးတော့ အရုပ်တစ်ရုပ်ဆီဖြည်းဖြည်းချင်းရွေ့သွားသည်။

''ထယ်ယောင်း ဟျောင်း...ဟိုဘက် ဟိုဘက်နည်းနည်း
ဟုတ်တယ် ဟုတ်တယ်....''

ဟိုဆော့ကဘေးနားကနေအငြိမ်မနေဘဲထယ်ယောင်းကို
ပြောနေသည်။

''ဟိုဆော့ အဲ့ကောင်ကို ဟျောင်းတပ်ပြီးခေါ်စရာမလိုဘူးသိလား
သူငယ်ချင်းတွေဖြစ်နေပြီဘဲ ရင်းရင်းနှီးနှီးခေါ်ပေါ့
ဟုတ်တယ်မလား''

ဆော့ဂျင်ကထယ်ယောင်းကိုတံတောင်နဲ့တွက်ပြီးပြောလိုက်
သည်။ထယ်ယောင်းကအရုပ်ကောက်တဲ့ဘက်ကိုဘဲ
အာရုံရောက်နေပြီး ခေါင်းတဆတ်ဆတ်​ငြိမ့်ကာပြန်ဖြေလိုက်သည်။

I am straight (Uni+Zaw)Where stories live. Discover now