part 7

438 64 5
                                    

''ဆော့ဂျင်ရာ...လိုက်ခဲ့ပါဆိုကွာ။သူငယ်ချင်းတွေ
စာမေးပွဲပြီးတော့သွားကြတာကို လိုက်ခဲ့ပါဆို''

ထယ်ယောင်းကဆော့ဂျင်ရဲ့အခန်းထဲက ကုတင်ပေါ်မှာ
ထိုင်ပြီးဆော့ဂျင်ကိုသူတို့အပြင်သွားဖို့ခေါ်နေခြင်း
ဖြစ်သည်။ဆော့ဂျင်ကတော့သူ့ကုတင်ဘေးကစာရေးခုံမှာ
ထိုင်ပြီးထယ်ယောင်းကိုငြင်းနေသည်။

''မလိုက်ဘူးဆို မလိုက်ဘူးဘဲ ထယ်ယောင်း ငါ့ကိုလာမခေါ်နဲ့။''

''မင်းကလဲကွာ သူငယ်ချင်းတွေပျော်ပျော်ပါးပါးသွားမှာကို
လိုက်ခဲ့ပါကွာ နော် နော် သူငယ်ချင်းကလဲ လိမ်မာပါတယ်''

ထယ်ယောင်းကထိုင်နေရာကနေ ဆော့ဂျင်အနားကိုထသွားပြီး
ဆော့ဂျင်ရဲ့လက်ကို ကိုင်ကာ ပြောနေသည်။

''ငါလဲရူးမှာဘဲ ဒီမျောက်လောင်းတစ်ကောင်နဲ့တော့''

''မရူးနဲ့အုံး ငါနဲ့လိုက်ပြီးမှရူး''

''ဒီမျောက်လောင်းကတော့ သွား သွား ဖယ် လာကပ်မနေနဲ့
လိုက်ရင်ပြီးရောမလား''

''အင်းအင်း လိုက်ခဲ့နော် သူငယ်ချင်းလေးအချောလေး''

''အေးလိုက်ခဲ့မယ်ကွာ နားတွေလဲညီးလာပြီ
မင်းပြန်တော့ ဘယ်နေ့သွားမှာလဲဆိုတာဖုန်းဆက်လိုက်
အခုတော့ငါတော်တော် နားညီးနေမို့ပြန်လိုက်ပါတော့
ကျေးဇူးရှင်ရယ် ပြန်ပါတော့''

''အေးအေး အဲ့ဒါဆိုငါပြန်တော့မယ်နော် တာ့တာ''

''ကြွကြွ''

ထယ်ယောင်းလဲသူ့အခန်းထဲကထွက်သွားရော ဆော့ဂျင်
ကုတင်ပေါ်ပတ်လက်လှဲချလိုက်ရင်းသက်ပြင်းချလိုက်သည်။

''ဟူးးးအခုမှဘဲနားအေးတော့တယ်''

''ဆော့ဂျင် ငါဖုန်းဆက်လိုက်မယ်နော်''

ထယ်ယောင်းကအခန်းတံခါးကိုအသာလေးဟပြီးခေါင်းလေး
ဘဲပြကာအခန်းထဲကဆော့ဂျင်ကိုအော်ပြောလိုက်သည်။

''ဒီသေနာကောင်ကတော့ ပြန်ပါတော့ဆိုတာကို''

ဆော့ဂျင်သူ့ဘေးနားကခေါင်းအုံးနဲ့ထယ်ယောင်းကိုလှမ်းပစ်
လိုက်သည်။ထယ်ယောင်းကတော့လှစ်ကနဲနေအောင်
ပျောက်ထွက်သွားသည်။

I am straight (Uni+Zaw)Where stories live. Discover now