part 18

333 42 5
                                    

''ဂျောင်ကု...ငါတကယ်တောင်းပန်ပါတယ်။
ငါတို့သူငယ်ချင်းလိုဘဲနေကြရအောင်
ငါတကယ်မင်းကိုခင်ပါတယ်''

တကယ်ကြီးငြင်းချလိုက်တာဘဲ။
ကင်မ်ဆော့ဂျင်တို့များအားနာမှုမရှိလိုက်တာ။

ဆော့ဂျင်ပြောလိုက်တဲ့စကားကြောင့်
ဂျောင်ကုကြောင်ပြီးရပ်နေမိသည်။
သူတကယ်မထင်ထားခဲ့တာ ဆော့ဂျင်ကအဲ့လိုကြီးငြင်းလိုက်လိမ့်မယ်လို့။
ဘယ်လိုခံစားချက်ကြီးလဲမသိဘူး။

ဆော့ဂျင်ကတော့သူ့ကိုပြောပြီးတာနဲ့
သက်ပြင်းတစ်ချက်ချလိုက်သည်။
ဆော့ဂျင်မျက်နှာမှာလဲဂျောင်ကုကိုအားနာနေဟန်ပေါ်သည်။ ဂျောင်ကုကတော့ ဆော့ဂျင်ပြောပြီးတည်းက ငြိမ်သွားတာအခုထိဘဲ။
အသက်တောင်ရှုသေးရဲ့လားမသိဘူး။
မျက်တောင်လဲမခတ်ဘူး။

''ဂျောင်ကု...''

ဆော့ဂျင်ကဂျောင်ကုရဲ့မျက်နှာရှေ့ကို
လက်ဝှေ့ယမ်းပြီး ခေါ်ကြည့်သည်။
ဒီတော့မှဂျောင်ကုကဆော့ဂျင်ကိုကြည့်ဘာသည်။

''ဆော့ဂျင်ခုနက ဘာပြောလိုက်တာလဲ။
ကိုယ်သိပ်မကြားလိုက်လို့''

ဂျောင်ကုကသိပ်မကြားလိုက်ဘူးဆိုတော့လဲ
ဆော့ဂျင်ကထပ်ပြောရတော့မည်။

''ငါမင်းကို...''

''ချစ်တယ်....!!ဆော့ဂျင်က ကိုယ့်ကိုချစ်တယ်။ဟိတ်ကောင်တွေကြားကြလား။
ဆော့ဂျင်ကငါ့ကိုချစ်တယ်တဲ့။
ဝမ်းသာလိုက်တာကွာ။''

ဆော့ဂျင်စကားပြောလို့တောင်မဆုံးသေးဘူး။ခုနကထိငြိမ်ချက်သားကောင်းနေတဲ့ဂျောင်ကုကရုတ်တရပ်ကြီး ဘာထဖြစ်တာလဲမသိဘူး။ဘာရယ် ဆော့ဂျင်ကဂျောင်ကုကို
ချစ်တယ်တဲ့။ သူတို့ခပ်လှမ်းလှမ်းမှာရပ်ပြီးအခြေအနေကိုအကဲခတ်နေတဲ့ ထယ်ယောင်းတို့သုံးယောက်ကိုတောင်အော်ပြောလိုက်သေးတယ်။ထယ်ယောင်းတို့ကလဲ အခုမှ
အကုန်လုံးပျော်သွားကြတော့သည်။
ဘေးနားကဖြတ်သွားတဲ့သူတွေကလဲ
ဂျောင်ကုရဲ့အော်သံကြောင့် ဆော့ဂျင်နဲ့ဂျောင်ကုကို ကွက်ကြည့်ကွက်ကြည့် ကြည့်သွားကြသည်။

ဒီတစ်ခါကြောင်သွားရသူကဆော့ဂျင်ပါ။
သူဂျောင်ကုကိုပြောတာအဲ့လိုမှမဟုတ်တာ။
အခုတော့ အကုန်လုံးက ဆော့ဂျင်ဂျောင်ကုကိုချစ်တယ်လို့အဖြေပေးလိုက်တယ်လို့
ထင်သွားကြပြီဘယ်လိုလုပ်ကြမလဲ။

I am straight (Uni+Zaw)Where stories live. Discover now