part 3

488 63 5
                                    

''ဟျောင့် ဟိုဆော့ မင်းစဥ်းစားကြည့်''

စာသင်ခန်းထဲမှာဆရာမကစာသင်နေပေမဲ့
အာရုံကစာမှာမရောက်ဘဲတခြားမှာရောက်နေတဲ့ဂျောင်ကုကဟိုဆော့ကိုလှမ်းမေးလိုက်သည်။

''အေးဘာလဲကွာ ဆရာမစာသင်နေတယ်လေ''

''ထားလိုက်စမ်းပါ အဲ့ဒါတွေကသေရင်ကိုယ့်နောက်မပါဘူး''

ဂျောင်ကုကပြောလိုက်တော့ဟိုဆော့လဲမနိုင်ဘူးဆိုတဲ့ပုံစံနဲ့သက်ပြင်းတစ်ချချ
ခေါင်းတခါခါနဲ့ဘဲဆရာမစာသင်တဲ့ဘက်ကို
လှည့်ပြီးစာတွေလိုက်မှတ်နေတော့သည်။

''မထူးဆန်းဘူးလား''

''အေးမထူးဆန်းဘူး''

ဂျောင်ကုရဲ့အဆက်စပ်မရှိတဲ့မေးခွန်းကို
ဟိုဆော့ကစာလိုက်မှတ်ရင်းနဲ့ဘဲပြန်ဖြေလိုက်သည်။

''ငါဘာမှမပြောရသေးဘူးလေ''

''သိတယ် မင်းကိုအမြင်ကပ်လို့တမင်ရွဲ့
ပြောတာ''

''မရွဲ့နဲ့ ငါအတည်ပြောမလို့''

''ပြောကွာ ပြော ပြော ဆရာမစာသင်တာ
နားမလည်တာကတမျိုး မင်းကဘေးကနေ
ပေါက်ပေါက်ဖောက်နေတာကတမျိုး
ကြာရင်ငါလဲအရူးထောင်ရောက်တော့မယ်''

''စိတ်မပူနဲ့အဲ့ကျရင်မင်းအတွက်
ဆန်တစ်အိတ်နဲ့ဆီတစ်ဗုံးလက်ဆောင်ထည့်ပေးလိုက်မယ်''

''ဟိတ်ကောင်...''

သူတို့စကားပြောနေတာကိုဆရာမကြားသွားမှာကိုလဲကြောက်ရသေးသည်။ ဟိုဆော့က
ဆရာမကိုလှမ်းအကဲခတ်ပြီး ဂျောင်ကုဘက်ပြန်လှည့်ကာ

''တော်တော်သူငယ်ချင်းကောင်းပီသတာဘဲ''

''ရတယ် ရတယ်အဲ့လောက်မချီးကျုးနဲ့''

''ဒီ အင်း...ငါဆဲမိတော့မယ်''

''မဆဲနဲ့အုံးပြီးမှဆဲငါပြောတာနားထောင်''

''ဘာပြောမှာလဲပြောပြော''

ဂျောင်ကုကိုစိတ်မရှည်တဲ့လေသံနဲ့ဟိုဆော့က
ပြောလိုက်သည်။

''မင်းဘဲစဥ်းစားကြည့်ကွာ''

''အေးစဥ်းစားနေတယ်ပြောဆို''

''ငါ့စကားကိုဖျက်မပြောနဲ့ မင်းလုပ်နေတာနဲ့
စကားကရှေ့မရောက်တော့ဘူး''

I am straight (Uni+Zaw)Where stories live. Discover now