part 15

323 38 4
                                    

ခရီးထွက်လိုက်တာသူတို့လေးယောက်ရဲ့
ရင်းနှီးမှုကိုပိုပြီးအဆင်မြှင့်ရာရောက်ခဲ့သည်။
တစ်ယောက်အကြောင်းတစ်ယောက်
ပိုနားလည်လာသလိုပိုလဲခင်လာကြသည်။

ကျောင်းပိတ်ချိန်အတွင်းမှာလဲ ကိုယ်စီကိုယ်ငှာ့မအားကြပေမဲ့ရတဲ့အချိန်လေးမှာ
လေးယောက်သားပျော်ပျော်ရွှင်ရွှင်စားကြသောက်ကြသည်။ဆော့ဂျင်နဲ့ထယ်ယောင်းရဲ့အိမ်ကလဲငျောင်ကုနဲ့ဟိုဆော့ကိုသိသလို
ဆော့ဂျင်နဲ့ထယ်ယောင်းကို ဂျောင်ကုနဲ့ဟိုဆော့တို့အိမ်ကသိနေကြပြီဖြစ်သည်။

ဘာလိုလိုနဲ့ကျောင်းပြန်ဖွင့်ချိန်တောင်ရောက်လာခဲ့ပြီ။ကျောင်းကြီးကတော့အရင်တိုင်းအစဥ်အလာမပျက်ကျောင်းသားကျောင်းသူတိုင်းကိုကြိုဆိုနေ၏။
ကျောင်းပိတ်ရက်ကိုဘယ်လိုကုန်ဆုံးသွားမှန်း
မသိဘဲ အခုလိုကျောင်းပြန်တက်ချိန်ကျတော့
ပျင်းရိနေကြတဲ့သူတွေရှိကြသလို။
သူငယ်ချင်းတွေနဲ့တွေ့ရလို့ပျော်ရွှင်နေကြတဲ့သူတွေလဲရှိကြသည်။ ကျောင်းရဲ့
ဂိတ်ပေါက်ဝမှာရပ်နေတဲ့ဆရာဖြစ်သူကို
အရိုအသေပေးကာနှုတ်ဆက်ပြီးဝင်သွားတဲ့
ကျောင်းသူလေးရှိသလို ဆရာကိုနောက်ပြောင်ပြီးကျောင်းထဲဝင်သွားတဲ့ကျောင်းသားတွေကြောင့်လဲ ဆရာကနောက်ကနေတုတ်နဲ့
လှမ်းရွယ်ရင်းအော်ရပြန်သည်။

ဒီနှစ်ကဆော့ဂျင်နဲ့ထယ်ယောင်းရဲ့နောက်ဆုံးနှစ်ဖြစ်ပေမဲ့ဂျောင်ကုနဲ့ဟိုဆော့တို့ကတော့
နောက်နှစ်မှကျောင်းပြီးမည်ဖြစ်သည်။

''ဆော့ဂျင်.....!!!''

ကျောင်းဝန်းထဲကို ဆော့ဂျင်၊ထယ်ယောင်း၊
ဂျောင်ကုနဲ့ဟိုဆော့တို့ရောက်တော့
ကျောင်းရဲ့ဒုတိယထပ်ပြတင်းပေါက်ကနေ
ဆော့ဂျင်ရဲ့နာမည်ကိုလှမ်းခေါ်လိုက်တဲ့အသံကြောင့်သူတို့အားလုံးအသံလာရာဘက်ကို
ကြည့်ကြသည်။

ဟော တွေ့ပါပြီ ပြတင်းပေါက်ကနေဆော့ဂျင်ကိုခေါ်ပြီးလက်နှစ်ဖက်ကိုဝှေ့ရမ်းကာ
ပြနေတဲ့သူ။မသိရင် ကျွန်းပေါ်ကလူတစ်ယောက်က သ​​​​ဘော်တွေ့လို့လက်လှမ်းပြနေသလိုမျိုး။ထိုကောင်လေးရဲ့ပုံစံက ချစ်စရာကောင်းပေမဲ့တစ်စုံတစ်ယောက်ရဲ့မျက်လုံးထဲမှာကန့်လန့်ဖြစ်နေသည်။ဘာလို့ဆို
ထိုကောင်လေးကဆော့ဂျင်နာမည်ကိုလှမ်းခေါ်တဲ့အပြင် အောက်ကိုဆင်းလာပြီး
ဆော့ဂျင်ကိုပြေးဖက်လိုက်တာကြောင့်ဖြစ်သည်။

I am straight (Uni+Zaw)Where stories live. Discover now