part 14

358 41 5
                                    

''ဆော့ဂျင် ဘယ်ရောက်နေတာလဲ။
မတွေ့မိသလိုဘဲ''

နေ့ခင်းစာတွေဘာတွေ
စားသောက်ပြီးတော့ကားမောင်းရတာ
ပင်ပန်းတာနဲ့ခဏမှေးနေလိုက်တာ
ပြန်နိုးလာတော့ ထယ်ယောင်းနဲ့ဟိုဆော့ဘဲ
တွေ့တာကြောင့် ဂျောင်ကုကရေသောက်နေရင်းဟိုဆော့ကိုခြေထောက်နဲ့လှမ်းတို့ကာ
မေးလိုက်သည်။ဘာလို့ဆို ထယ်ယောင်းနဲ့
ဟိုဆော့ကအိမ်ကြမ်းပြင်မှာထိုင်ကာ
TV ရှေ့ဂိမ်းထိုင်ဆော့နေခြင်းကြောင့်
ဖြစ်သည်။

''ထယ်ယောင်း မြန်မြန်လာ မြန်မြန်လာ
ငါဒီမှာသေတော့မယ်။ဘယ်ရောက်နေတာလဲ''

ဂျောင်ကုရဲ့စကားကိုဟိုဆော့တို့ကအာရုံမရပါ။

''မင်းကိုကယ်ဖို့နေနေသာသာ ငါတောင်မနည်းလွတ်အောင်ရှောင်နေရတာကွ။ဟိုဘက်ကကောင်တွေကကြမ်းတယ်''

''ဟျောင့် ငါမေးနေတယ်လေ။
ဆော့ဂျင်ရောလို့''

''ဟမ်..ဆော့ဂျင်လား မသိဘူးလေ''

''ခုနကတော့ ရေပေါ်အိမ်ဘက်သွားတာတွေ့လိုက်တယ်။အဲ့ကောင်ငါးသွားမျှားတာလားမသိဘူး''

အေးကောင်းတယ် နှစ်ယောက်လုံး မသိဘူး
ဆိုတာချည်းဘဲ။ကင်မ်ဆော့ဂျင်တစ်ယောက်တည်းတောင်ဘယ်ရောက်နေမှန်းမသိကြဘူး။သူတို့ဘဲဆော့နေကြတယ်။
ငါလိုက်သွားအုံးမှပါ တော်ကြာ ခေါ်လာပြီး
တစ်ခုခုဖြစ်ရင်မကောင်းဘူးလေ
ဟုတ်တယ်မလား။

ဂျောင်ကုလဲသူ့အတွေးနဲ့သူရေပေါ်အိမ်ဘက်ကိုကူးလာခဲ့သည်။ရေပေါ်အိမ်ကိုရောက်တော့ဆော့ဂျင်ကရှိမနေပါ။တအိမ်လုံးလိုက်ရှာပေမဲ့မတွေ့။

ကင်မ်ဆော့ဂျင် ကင်မ်ဆော့ဂျင် နည်းနည်းလေးမှလွတ်ထားလို့မရဘူး။

ရေပေါ်အိမ်ရဲ့တိုင်မှာကြိုးနဲ့ချည်ထားတဲ့ကနူးလှေကလဲမရှိတော့တာကြောင့်
ဂျောင်ကု ဆော့ဂျင်ကိုမြစ်ထဲရောက်နေပြီအထင်နဲ့ရေပေါ်အိမ်ကနေလှမ်းရှာရပြန်သည်။လိုက်သွားလို့ကလဲမရ ကနူးလှေကတစ်စီးတည်းရှိတာကို။

ဟော တွေ့ပါပြီ။ရေပေါ်အိမ်ရဲ့ခပ်ဝေးဝေးကိုတောင်ရောက်နေပြီ ဆော့ဂျင်ရဲ့လှေက။

I am straight (Uni+Zaw)Where stories live. Discover now