part 10

368 47 7
                                    

''ရော့...''

ဆော့ဂျင်စာကြည့်တိုက်မှာ စာအုပ်ရှာဖို့ထွက်လာပေမဲ့ စာအုပ်ကိုတွေ့တာနဲ့ တစ်ခါတည်း
ထိုင်ပြီးဖတ်နေတာကြောင့် ဂျောင်ကုတို့နဲ့
မနက်စာ စားဖို့ကိစ္စကိုမေ့လျော့နေခဲ့သည်။

''ကျေးဇူးဘဲ ထယ်ယောင်း''

ဆော့ဂျင်ကယူလာပေးတဲ့သူကိုမော့မကြည့်ဘဲထယ်ယောင်းအထင်နဲ့ပြောလိုက်တော့
တကယ်တမ်းယူလာပေးတဲ့ဂျောင်ကုက
မကျေမနပ်ဖြစ်ချင်လာ၏။
ဂျောင်ကုလက်ထဲကမုန့်ကိုမော့မကြည့်ဘဲ
လက်နဲ့ယူလိုက်ပေမဲ့ ဆော့ဂျင်လှမ်းယူတဲ့အချိန်ဂျောင်ကုလက်ကနောက်ကိုရုတ်လိုက်တာကြောင့်ဆော့ဂျင်မော့ကြည့်လိုက်မိသည်။

''အယ်..ဂျောင်ကု....''

''ဟုတ်တယ်...ခဗျားသူငယ်ချင်း
ထယ်ယောင်းမဟုတ်ဘူး။သူကသွားပြီ''

ဂျောင်ကုကမျက်မှောင်ကိုအနည်းငယ်ကြုတ်ကာအလိုမကျတဲ့မျက်နှာဘေးနဲ့ပြောလိုက်ပြီး
ဆော့ဂျင်ဘေးကထိုင်ခုံလွတ်မှာဝင်ထိုင်လိုက်သည်။

''အေးကွာ..ငါလဲစာအုပ်ထဲစျာန်ဝင်သွားတာနဲ့
မင်းတို့ဆီလာဖို့မေ့သွားတာ အခုမှဗိုက်တောင်ဆာလာပြီ။ဒါငါ့အတွက်မလား''

ဂျောင်ကုလက်ထဲက မုန့်တွေကိုလက်ညိုးထားကာဆော့ဂျင်ကမေးလိုက်သည်။
ဆော့ဂျင်ကိုအမြင်ကပ်တာကြောင့်
ဂျောင်ကုကလဲရူတည်တည်နဲ့...

''ဘယ်သူပြောလဲ ခဗျားအတွက်လို့...''

''မင်းဘဲခုနက ရော့ ဆို...အဲ့တော့ ငါ့ကိုကြွေးတာမဟုတ်ဘူးလား''

စာကြည့်တိုက်ထဲမှာဖြစ်တာကြောင့်
ဆော့ဂျင်စကားကျယ်ကျယ်လဲမပြောရဲဘဲဂျောင်ကုနဲ့တိုးတိုးကြိတ်ကြိတ်ပြောနေရ၏။

''အဟမ်း...အဲ့ ဒါလူမှားသွားလို့''

ထယ်ယောင်းနဲ့ဟိုဆော့ကစားသောက်
နေပေမဲ့
ကျွေးချင်တာကတစ်ယောက် စားနေကြတာကနှစ်ယောက်ဆိုတော့ ဂျောင်ကုအစာမကြေချင်သလိုဖြစ်လာသည်။
အဲ့ဒါနဲ့သူလဲ ဆော့ဂျင်အတွက်မနက်စာကို
ပါဆယ်မှာပြီး ဆော့ဂျင်ရှိတဲ့စာကြည့်တိုက်ကိုထွက်လာခဲ့သည်။စာကြည့်တိုက်ရောက်တော့ကိုယ်တော်ချောမျက်လုံးက စာအုပ်မှာသွားကပ်မတက်ဖတ်နေတာကိုတွေ့လိုက်ရသည်။အနားကိုသွားပြီး စားစရာကိုပေးလိုက်တော့ ပေးတဲ့လူကိုမော့မကြည့်ဘဲပြောချင်ရာပြောတဲ့ဆော့ဂျင်ကြောင့် ဂျောင်ကုကလဲ
ဗြောင်လိမ်ရတော့သည်။

I am straight (Uni+Zaw)Where stories live. Discover now