Ch 1&2

6.1K 360 13
                                    

Ch 1

ကလေးငယ်ရဲ့ အော်သံကြောင့် အလှမယ်လေး ဝမ် သတိပြန်‌ရလာပြီး ခေါင်းကိုက်လာခဲ့သည်။ သူမရဲ့ ပါးပြင်က အေးစက်နေပြီး အနည်းငယ် စိုစွတ်နေကာ နှုတ်ခမ်းက အနည်းငယ် ငန်နေသလို ခံစားရသည်။ပါးပြင်က အေးစက်နေပြီး အနည်းငယ် စိုစွတ်နေကာ နှုတ်ခမ်းက အနည်းငယ် ငန်နေသလို ခံစားရသည်။

ရုတ်တရက် မျက်လုံးဖွင်လိုက်တော့ ထူးဆန်းတဲ့အခန်းကို တွေ့လိုက်ရသည်။

သူမဘေးနားက ကလေးမလေးက ဝမ်ရှောင်ရှောင် နိုးလာတာကို တွေ့တော့ "မေမေ...မေမေ....ဗိုက်ဆာတယ်...ဗိုက်ဆာတယ်။"

ဝမ်ရှောင်ရှောင်က သူမဘေးရှိ ကလေးငါးယောက်၊ ယောင်္ကျားလေး လေးယောက်၊ မိန်းကလေးတစ်ယောက်ကို ကြည့်ပြီး အံ့ဩသင့်သွားသည်။

ခဏ.....

ဒါက သူမဖတ်ဖူးတဲ့ ဝတ္တုမဟုတ်ဘူးလား?

ထိုဝတ္တုတွင် သူမနဲ့ နာမည်တူတဲ့ ဇာတ်ပို့ဇာတ်ကောင် တစ်ယောက်ရှိသည်။

စာအုပ်ထဲတွင် ဝမ်ရှောင်ရှောင်က သူမအသက် 12 နှစ်တွင် ကားမတော်တဆမှုဖြင့် မိဘကို ဆုံးရှုံးခဲ့ပြီး ပစ္စည်းအများအပြားကို ချန်ထားခဲ့သည်။ ပိုသိသာ ထင်ရှားအောင် ပြောရရင်တော့ အမျိုးသမီးဇာတ်ဆောင် ပိုင်ရှောင်လန်ရဲ့ ‌အဖေက အရက်မူးပြီး မတော်တဆမှု ဖြစ်ခဲ့တာ ဖြစ်သည်။

သူမရဲ့ မိဘများ ကွယ်လွန်ပြီးနောက် မူလဝမ်ရှောင်ရှောင်က သူတို့ ကျန်ရစ်ခဲ့တဲ့ စည်းစိမ်ဥစ္စာဖြင့် နေထိုင်ခဲ့သည်။ သူမက သိန်းဆယ်ဂဏန်း၊ အိမ်ကြီးနှစ်လုံးနဲ့ အပိုလျော်ကြေးငွေ စုစုပေါင်း သန်း 60 ကို ရရှိခဲ့သည်။

မူလဝမ်ရှောင်ရှောင်တွင် သူငယ်ချင်းများစွာ မရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပိုင်ရှောင်လန်က သူမရဲ့ စည်းစိမ်ဥစ္စာကို မနာလိုစိတ်ဖြင့် သူမကို မိတ်ဖွဲ့ချင်ခဲ့သည်။

ဒါပေမဲ့ မူလဝမ်ရှောင်ရှောင်က သူမကို မုန်းတီးပြီး လျစ်လျူရှုကာ အခုထက်ထိတိုင် ဆက်လက် လုပ်နေခဲ့သည်။

မူလဝမ်ရှောင်ရှောင်က ကိုယ်ဝန်ရခြင်းမှာ သူမအသက် 18 နှစ်တွင် မတော်တဆ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အတိအကျတော့ သူမ မမှတ်မိပေ။

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now