Ch 45&46

1.5K 187 0
                                    

Ch 45

တခြားသူတွေကလည်း ခေါင်းညိတ် သဘောတူကြသည်။ သူတို့ရဲ့ စွမ်းအားများက ဒုတိယအဆင့်တွင်သာ ရှိသည်။ ၎င်းတို့က ဖုတ်ကောင်များစွာကို သတ်ခဲ့သော်လည်း အမြုတေ များစွာမရရှိကာ တချို့မှာ ၎င်းတို့ကိုယ်တိုင် အသုံးမပြုနိုင်ပေ။

အမြုတေများက မတူညီသော အရောင်များစွာဖြင့် ထွက်ပေါ်လာပြီး အရောင်တစ်ခုစီက ၎င်းရဲ့ကိုယ်ပိုင်စွမ်းအားအတွက် လိုအပ်သောအရောင်နှင့် ကိုက်ညီသည်။

ဥပမာအားဖြင့် ခရမ်းရောင်အမြု‌တေများကို မိုးကြိုးစွမ်းရည်၊ အပြာရောင်အမြု‌တေများကို ရေနှင့်ရေခဲစွမ်းရည်၊ အစိမ်းရောင်အမြုတေများကို အပင်စွမ်းရည်၊ အနီရောင်အမြုတေများကို မီးစွမ်းရည်၊ အညိုရောင်အမြုတေများကို သစ်သားနှင့်မြေကြီးစွမ်းရည် စသဖြင့် အသုံးပြုရသည်။

ခွန်အားနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များအတွက် အဖြူရောင်အမြုတေကို အသုံးရသည်။

အခန်းထဲတွင် ယွင်ကျောင်က သူမမသားရဲ့မျက်နှာကို မျက်နှာသုတ်ပဝါနဲ့ သုတ်လိုက်သည်။ ချိန်ယွဲ့က ကုတင်ပေါ်မှာ လဲလျောင်းကာ အိပ်ပျော်နေသည်။

"သား! မြန်မြန်နိုးလာပါတော့!" ယွင်ကျောင်းက ကုတင်ပေါ်ထိုင်ပြီး တိုးတိုးလေး ပြောလိုက်သည်။

ချိန်ယောင်ရဲ့ မျက်နှာက အရင်ကထက် များစွာ ပိုကောင်းလာပြီး အနည်းငယ် ပန်းရောင်သန်းနေသည်။

ချိန်ယောင်ရဲ့လက်ချောင်းများ အနည်းငယ်လှုပ်သွားတာကို ယွင်ကျောင်း သတိမထားမိပေ။

ချိန်ယောင်က ရက်ပေါင်းများစွာ မစားမသောက် ရတာကြောင့် ရေဓာတ်ခမ်းခြောက်ကာ သတိမေ့သွားခဲ့သည်။ အကယ်၍ သူက တစ်ရက် သို့မဟုတ် နှစ်ရက်ကြာရင် အသက်ရှင်နိုင်မှာ မဟုတ်တော့ပေ။

ယွင်ကျောင်းက ချိန်ယောင်ရဲ့မျက်နှာကို သန့်ရှင်းအောင်သုတ်လိုက်ပြီး ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။

ကုတင်ပေါ်တွင် လဲလျောင်းနေသော ချိန်ယောင်က နိုးထတော့မည့် ထင်ရှားတဲ့ လက္ခဏာဖြစ်သည့် မျက်ခွံများကို လှုပ်လာသည်။

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now