Ch 59&60

1.2K 154 0
                                    

Ch 59

မနက်စာစားပြီးနောက် ဝိန်ရှောင်ရှောင်က သူမမှာ နေရာလွတ်ရှိပြီး အခြေစိုက်စခန်းတစ်ခု ဆောက်ချင်ကြောင်း သူတို့ကို ပြောပြဖို့ အလျင်စလိုမဖြစ်ခဲ့ပေ။ ညနေတွင် ပြောပြရန် စီစဉ်ထားသည်။ နေ့ခင်းဘက်တွင် အရသာ အမျိုးမျိုးရှိတဲ့ ဘီစကွတ်များ အများကြီးလုပ်ရန် စီစဉ်ထားသည်။

အပြင်မှာ မိုးတွေရွာနေတော့ အပြင်မထွက်နိုင်ပေ။ ပျင်းလာသဖြင့် စားပြီး ခဏလောက် အနားယူဖို့ ဆိုဖာပေါ်မှာ ထိုင်ပြီး အားလုံးက ကိုယ့်အခန်းကို ပြန်ပြီး အိပ်ကြသည်။

ပေါ်ရီ့လျန်က အခန်းထဲသို့ မပြန်ဘဲ မဂ္ဂဇင်းတစ်စောင်ကို ယူကာ စိတ်ဝင်တစားဖြင့် ဖတ်နေသည်။

ဖေရှီ၊ ချိန်ယောင်နှင့် ချိန်ယွဲ့တို့က အခန်းထဲတွင် ဖဲကစားရန် အချိန်ဖြုန်းကြသည်။

ဝိန်ရှောင်ရှောင်က အပေါ်ထပ်တွင် အသီးအနှံများ စိုက်ပျိုးထားသည့် အခန်းဆီ တက်သွားသည်။ တံခါးဖွင့်လိုက်တဲ့အခါ ကလေးငါးယောက်က စတော်ဘယ်ရီသီးများ ကောက်နေတာကို တွေ့လိုက်ရသည်။

သူတို့ရဲ့ပုံစံက ရယ်စရာကောင်းပြီး အနည်းငယ် ချစ်စရာကောင်းကာ ခြေသလုံးတိုတိုကို ထင်ရှားစေသည်။

ရော်ဘာပုံးက အနည်းငယ်မြင့်သောကြောင့် သူတို့က အောက်ခြေများက‌နေသာ ယူနိုင်သည်။

ဝိန်မိုက သူ့လက်ထဲက အညစ်အကြေးတွေကို ကြည့်ပြီး မျက်မှောင်ကြုတ်ပြီး ရွံရှာနေသည်။

သူနဲ့ ယှဉ်ရင် ကျန်တဲ့လေးယောက်က စတော်ဘယ်ရီကို စိတ်အားထက်သန်စွာ ခူးနေသည်။

ဝိန်ရှောင်ရှောင်က ချောင်းဆိုးပြီး ကလေးငါးယောက်ကို ကြည့်ပြီး ရယ်မောကာ "ချစ်လေးတို့ ဘာလုပ်နေတာလဲ" ဟု မေးလိုက်သည်။

ဝိန်ဟိန်က ခေါင်းလှည့်ပြီး ဝိန်ရှောင်ရှောင်ကို ကြည့်ကာ "မေမေ သားတို့ စတော်ဘယ်ရီတွေ ကောက်နေတာ။ ညီမလေးက စားချင်နေလို့"

"မဟုတ်ပါဘူး ကိုကို စားချင်နေတာ အသေအချာဘဲကို" ဝိန်ဖိန်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ကြည့်လိုက်သည်။

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now