Ch 11&12

2.1K 273 1
                                    

Ch 11

ပေါင်ရီ့လန်ရဲ့အမေက အချက်အလက်တွေကို သူမလက်ထဲမှာ ကိုင်ထားပြီး ဖတ်လိုက်တဲ့အခါ ပိုဒေါသထွက်လာသည်။

သူမက အသက်18 နှစ်အရွယ်တုန်းက ဝိန်ရှောင်ရှောင်ရဲ့ အထက်တန်းကျောင်း ဘွဲ့နှင်းသဘင် ဓာတ်ပုံအပြင် သူမနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သူမ စိုက်ကြည့်နေသည်။

ပေါင်ရီ့လန်ရဲ့အမေက သူမအကြောင်းကို ပိုကြည့်လေလေ အပြစ်ရှိသလိုခံစားရလေလေ ဖြစ်သည်။ သူမက ခေါင်းမော့ပြီး အိုက်ချီရှိကို မချစ်တော့ဘဲ စိတ်ပျက်မှုနဲ့ ဒေါသများ ပြည့်နှက်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

အိုက်ချီရှီက ငယ်စဉ်ကပင် အကျင့်စာရိတ္တကောင်းမွန်ပြီး ချစ်စရာကောင်းကာ သူမကိုကြည့်ရုံဖြင့် လူအများကို သဘောကျစေသည်။ သဘာဝအားဖြင့် ပေါင်ရီ့လန်ရဲ့မိခင်ကလည်း သူမကို အလွန်နှစ်သက်သည်။

ဒါပေမဲ့ ငယ်စဉ်ကတည်းက သူမ လုပ်ခဲ့သမျှကို မြင်တဲ့အခါ ပေါင်ရီ့လန်ရဲ့မိခင်က သူမရှေ့မှ မိန်းကလေးက သူမအတွက် အနည်းငယ်ထူးဆန်းသည်ဟု ခံစားမိလာသည်။

ဒီအကြောင်းတွေ သိပြီးတော့ သူတို့အကြောင်း မသိတဲ့ သူမရဲ့သူငယ်ချင်းကောင်းတွေက မယုံနိုင်တော့ပေ။

အမေပေါင်ရဲ့မျက်လုံးများက အေးစက်သွားသည် ။

"မင်း ထွက်သွားလိုရပြီ။ ငါ့ရှေ့မှာ ထပ်မပေါ်လာနဲ့" အမေ‌ပေါင်က အိုက်ချီရှီကို မကြည့်တော့ဘဲ ပြောလိုက်သည်။ သူမက စိတ်ပျက်ရုံတင်မကဘဲ သူမရဲ့သူငယ်ချင်းကောင်းကိုလည်း ဒေါသထွက်သည်။

သူမနဲ့ အိုက်ချီရှိရဲ့မိခင် ကျန်းဟဲက အထက်တန်းကျောင်း အတန်းဖော်များဖြစ်သည်။ သူမက အဖေပေါင်နဲ့ လက်မထပ်မိက အိမ်နီးနားချင်းများဖြစ်တာကြောင့် သူမတို့ရဲ့ ဆက်ဆံရေးမှာ သဘာဝအတိုင်း ကောင်းမွန်ခဲ့ကြသည်။

ဒါပေမယ့် သူမနဲ့ သူမသမီးက သူမ (အမေပေါင်) ကို လိမ်မယ်လို့ မမျှော်လင့်ထားပါပေ။

အိုက်ချီရှီက မထွက်သွားဘဲ မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now