Ch 81&82

963 112 0
                                    

Ch 81

မနက်စာစားပြီးနောက် ပေါ်ရီ့လျန်က ဝိန်ရှောင်ရှောင်ကို စာကြည့်ခန်းကို ခေါ်သွားခဲ့သည်။

"ဘာဖြစ်နေတာလဲ? ထူးထူးဆန်းဆန်းနဲ့။" ဝိန်ရှောင်ရှောင်က သူ့ကို အနည်းငယ် ပဟေဠိဆန်စွာ ကြည့်ပြီး ပေါ်ရီ့လျန်က ဒီနေ့ နည်းနည်းထူးဆန်းနေတယ်လို့ ခံစားနေရသည်။

ပေါ်ရီ့လျန်က ဝိန်ရှောင်ရှောင်ကို စိုးရိမ်တကြီးကြည့်ကာ "စတုတ္ထကလေးက ကျန်းမာရေး မကောင်းတာကလွဲလို့ ကျန်တာ အားလုံးအဆင်ပြေရဲ့လား?"

သူ့သားငယ်ငယ်တုန်းက သူ့ညီလေးလို ဖြစ်လာမှာကို စိုးရွံ့ပြီး ကျန်းမာရေးချို့တဲ့ရုံသာမက အမြင်အာရုံလည်း အားနည်းပါတယ်။

ဝိန်ရှောင်ရှောင်က ခဏလောက် ထိတ်လန့်သွားပြီး ခေါင်းခါလိုက်ကာ "မဟုတ်ဘူး ကျွန်မ သူ့ကို ဆေးစစ်ဖို့ ဆေးရုံကို ခေါ်သွားတော့ ဆရာဝန်က သူ့ဦးနှောက်အာရုံကြောတွေ ထိခိုက်ထားလို့ သူ့အမြင်အာရုံက ကျန်တဲ့ကလေးလေးယောက်လောက် မကောင်းဘူးလို့ ပြောတယ်။"

"အဲဒီတုန်းက သူတို့ငါးယောက်မှာ ကိုယ်ဝန်ရှိတုန်းက စတုတ္ထကလေးက စုပ်ယူရမဲ့ အာဟာရအားလုံးကို ကျန်တဲ့လေးယောက်က ယူသွားတဲ့အတွက် သူ့ကျန်းမာရေးနဲ့ အမြင်အာရုံက မကောင်းဘူး”

ပေါ်ရီ့လျန်ပြောတာကို ဝိန်ရှောင်ရှောင် ကြားတဲ့အခါ စိတ်ထဲမှာ ဝမ်းနည်းသွားသည်။

အရင်က ခန္ဓာကိုယ်က အပြည့်အ၀ ပေါင်းစပ်မှု မရှိခဲ့သလို မှတ်ဉာဏ်လည်း မပြည့်စုံခဲ့ပါဘူး။

ပြီးပြည့်စုံအောင် ပေါင်းစပ်မှုပြီးနောက်မှာ အမှတ်တရတွေအားလုံး ပြန်မှတ်မိလာသည်။

ဒါပေမဲ့ ထိုအချိန်တွင် ကမ္ဘာပျက်တဲ့နေ့ ဖြစ်နေပြီး နေရာတိုင်းတွင် ဖုတ်ကောင်များ ရှိနေပြီး ဆေးရုံတွင် နောက်ထပ် ဖုတ်ကောင်များလည်း ရှိနေသဖြင့် သူ့ကို ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ထိုနေရာကို သူမ  မခေါ်သွားရဲချေ။

သူရဲ့နူးညံ့သော စိတ်ကို တွေးတောရင်း ဝိန်ရှောင်ရှောင်က ပို၍ပင် စိတ်ဆင်းရဲသွားခဲ့သည်။

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now