Ch 57&58

1.3K 150 0
                                    

Ch 57

ဝိန်ရှောင်ရှောင် မနက်ငါးနာရီမှာ နိုးလာသည်။ ရေချိုးရန် ရေချိုးခန်းသို့ အလျင်စလိုမသွားဘဲ ကုတင်ပေါ်ထိုင်ကာ စဉ်းစားနေမိသည်။

"မက်မွန်သီးလေး။"

"သခင် သခင်အတွက် ကျွန်တော် ဘာလုပ်ပေးရမလဲ" မက်မွန်သီးလေးရဲ့ အသံက သူမခေါင်းထဲသို့ ဝင်လာသည်။

ဝိန်ရှောင်ရှောင်က အနည်းငယ် အိပ်ငိုက်နေပြီး မနေ့ညက အိပ်ပျော်သွားခဲ့သည်။ သူမက တစ်စုံတစ်ယောက်ကို ကယ်တင်ခဲ့မယ်ဆိုရင် ကယ်တင်ခံရသူကို ဘယ်မှာထားမလဲဆိုတာ မေးဖို့ မေ့သွားခဲ့သည်။ သူတို့အားလုံးကို သူမ RV ထဲမှာ ထားရန် မဖြစ်နိုင်ပေ။

ဝိန်ရှောင်ရှောင်က သူမရဲ့အတွေးတွေကို မက်မွန်သီးလေးကို စိတ်ထဲကနေ ပြောလိုက်သည်။ "မက်မွန်သီးလေး ငါက လူတွေကို ကယ်တင်ရင် သူတို့ကို ဘယ်မှာထားမလဲ? ငါ့ RV မှာ နေခိုင်းရမှာလား"

"သခင် သခင် အခြေစိုက်စခန်းတစ်ခု ဆောက်နိုင်တယ်!" မက်မွန်သီးလေးက ချိုသာနူးညံ့စွာဖြင့် ပြောသည်။

"အခြေစိုက်စခန်းတစ်ခု! အဲဒါကို ဘယ်လိုဆောက်ရမလဲ? ဘာမှလည်းမရှိဘူး? ရှိရင်တောင်မှ မဆောက်နိုင်ဘူး" လို့ ဝိန်ရှောင်ရှောင်က ပြောသည်။

"ဟီးဟီး သခင် သခင်မှာ ကျွန်တော် ရှိတယ်လေ။" မက်မွန်သီးလေးက သူ့မျက်နှာပေါ်တွင် ဂုဏ်ယူသော အပြုံးဖြင့် ပြုံးလိုက်သည်။

သခင်က လူတွေကို ကယ်တင်ပြီး အမှတ်တွေ အများကြီး စုဆောင်းနေသရွေ့ သခင်အတွက်သာမကဘဲ သူ့အတွက်ပါ အကျိုးရှိသည်။ အဲဒါကို တွေးကြည့်ရုံနဲ့ ကျေနပ်ပျော်ရွှင်စရာဖြစ်ပြီး လူသားပုံစံအဖြစ်ပါ ပြောင်းလဲနိုင်သည်။

"မင်း... အခြေစိုက်စခန်းကို ဘယ်လိုတည်ဆောက်မှာလဲ" ဝိန်ရှောင်ရှောင်က အာကာသထဲမှာ ဂုဏ်ယူစွာ ပြုံးနေတဲ့ မက်မွန်သီး‌လေးကို ကြည့်လိုက်သည်။

"သခင် သခင်က အကြွေးနဲ့ လုပ်လို့ရတယ်!" လို့ မက်မွန်သီးလေးက ပြုံးပြီး ပြောလိုက်သည်။ 

"အကြွေး? ဘာလိုအကြွေးလဲ?" ဝိန်ရှောင်ရှောင်က အံ့ဩစွာ မေးသည်။

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now