Ch 15&16

2.1K 270 0
                                    

Ch 15

ဝိန်ရှောင်ရှောင်က ပေါင်ရီ့လန်နဲ့ တခြားသူတွေကို ကြည့်ပြီး "ညစာ မစားရသေးဘူးလား!"

ပေါင်ရီ့လန်က ခေါင်းညိတ်လိုက်သည်။ အမှန်တကယ် လည်း ညစာ မစားရသေးပေ။ မနက်စောစော လေယာဉ်စီးပြီး W မြို့ကို အပြေးလာခဲ့သည်။ လေယာဉ်ပေါ်မှာ ပေါ့ပေါ့ပါးပါး တစ်ခုခုစားခဲ့သည်။ အခုအချိန်မှာတော့ တကယ်ဗိုက်ဆာနေပြီ။

"နောက်မှပြောရအောင် အရင်ချက်လိုက်အုံးမယ်" လို့ပြောပြီးဆိုဖာပေါ်ကနေထရပ်ပြီး မီးဖိုချောင်ဘက် သွားခဲ့သည်။

ပေါင်ရီ့လန်က သူမရဲ့နောက်ကျောကို စူးစူးစိုက်စိုက်  ကြည့်လိုက်သည်။

"ဖေဖေ မေမေက ဖေဖေက သူရဲကောင်းတစ်ယောက်လို့ ပြောတယ်။ ဟုတ်လား?" ဝိန်ဖိန်က သူမဆံပင်အကြောင်းကို မေ့သွားပုံရပြီး သူ့ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်နေသညါ။

ပေါင်ရီ့လန်ရဲ့ သွယ်လျတဲ့ လက်ချောင်းများက သူမမျက်နှာပေါ်ရှိ အညစ်အကြေးများကို သုတ်လိုက်ပြီး "ဟုတ်တယ်" ဟု တိုးတိုးလေးပြောသည်။

"ဖေဖေ ဘာလို့ အခုမှ ပြန်လာတာလဲ။ ဟိုတုန်းက အဒေါ်တစ်ယောက်က ကိုကိုတွေနဲ့ သမီးတို့ကို လူယုတ်မာတွေ ဖေဖေမရှိဘူးလို့ ပြောတယ်"

ပေါင်ရီ့လန်က ဝိန်ဖိန်ပြောတာကို ကြားလိုက်တဲ့အခါ သူ့မျက်လုံးတွေက အေးစက်သွားပြီး ကြောက်စရာကောင်းလောက်အောင် ကျဉ်းမြောင်းသွားခဲ့သည်။

ဝိန်ရှောင်က သူ့ညီမလေး ဖခင်ရဲ့ရင်ခွင်ပေါ်ထဲတွင် ထိုင်နေတာကြည့်ပြီး မနာလိုစိတ်ဖြင့် ပေါင်ရီ့လန်ဆီကို လျှောက်လှမ်းရန် သတ္တိကို စုဆောင်းကာ "ဖေဖေ ပွေ့" ဟုပြောသည်။

ပေါင်ရီ့လန်က ထိုအသံကိုကြားတဲ့အခါ ဝိန်ရှောင်ကိုကြည့်ကာ ပွေ့လိုက်သည်။

ဖြူဖွေးထွားကြိုင်းတဲ့ ကလေးငါးယောက်ကို ကြည့်လိုက်ရင် ဝိန်ရှောင်ရှောင်က သူတို့ကို ကောင်းကောင်း ဂရုစိုက်တယ်ဆိုတာ ထင်ရှားလှသည်။

မန်ချင်းက သည်းမခံနိုင်တော့ဘဲ ဝိန်မိုဆီ လျှောက်သွားကာ ဝိန်မိုကို ကြည့်ပြီး "ကလေး မင်းက မင်းအဖေငယ်ငယ်တုန်းနဲ့ အတူတူပဲ" လို့ ပြောလိုက်သည်။

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now