Ch 65&66

1.1K 156 0
                                    

Ch 65

ပေါ်ရီ့လျန်က ကုတင်ပေါ်တွင် လှဲပြီး ခဏလောက် အိပ်ပျော်သွားသည်။ သူက သူ့ဘေးနားရှိ ကလေးတွေရဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော မျက်နှာကို ကြည့်ပြီး ထထိုင်လိုက်ကာ ဝိန်ရှောင်ရှောင်အတွက် အနည်းငယ် စိတ်ပူသွားသည်။

ဒါနဲ့ သူ့အင်္ကျီနဲ့ ဖိနပ်ကို ဝတ်ပြီး အောက်ကိုဆင်းသွားသည်။

ထိုမှသာ ပေါ်ရီ့လျန်က RV ရပ်ထားတာကို သိလိုက်ရသည်။

အပြင်မှာ ဝိန်ရှောင်ရှောင်က အမျိုးသားတစ်ယောက်နှင့် ပျော်ရွှင်စွာ စကားစမြည်ပြောနေတာကို တွေ့လိုက်ရသည်။

သူ့မျက်ခုံးတွေ တွန့်သွားကာ မျက်နှာက မည်းမှောင်နေပြီး မပျော်မရွှင် ဖြစ်နေသည်။

သူ့စိတ်ထဲမှာ မနာလိုတဲ့ ခံစားချက် ထွက်ပေါ်လာသည်။

"အစ်ကိုဝူ ညီမက ဆယ့်တစ်နှစ် ဒါမှမဟုတ် ဆယ့်နှစ်နှစ်အရွယ် ကောင်လေးကို ရှာနေတာ။ ဒီမှာ ရှိလား?" ဝိန်ရှောင်ရှောင်က သူ့ကို ကြည့်ပြီး ပြောသည်။

"ရှိတယ် အစ်ကို ညီမကို ခေါ်သွားပေးမယ်!" ဝူရှောင်ရိက သူ့မျက်လုံးများတွင် ခံစားချက်အရိပ်အမြွက်ပြကာ ပြုံးပြလိုက်သည်။

ပေါ်ရီ့လျန်က အဲဒါကို ရှင်းရှင်းလင်းလင်း မြင်လိုက်ပြီး သူ့စိတ်ထဲမှာ ဟစ်အော်လိုက်သည်။

ဝူရှောင်ရိက ဝိန်ရှောင်ရှောင်နှင့်အတူ လျှောက်လာခဲ့သည်။ နေရာက အလွန်စိုစွတ်ပြီး အနံ့အသက်ဆိုး ထွက်နေကာ အေးစက်နေသည်။

ဝိန်ရှောင်ရှောင်က မျက်မှောင်ကြုတ်ကာ အချင်းချင်း ပွေ့ဖက်ထားသည့် လူများကို ကြည့်ကာ ရုတ်တရက် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။

တစ်ချက်ကြည့်လိုက်ရင် သိရသည်။

လူငါးဆယ်ခန့်၊ ကလေး နှစ်ဆယ်ခန့်နှင့် သက်ကြီးရွယ်အိုများ နှင့် အသက်သုံးဆယ်နှင့် လေးဆယ်အတွင်း လူတစ်ဒါဇင်ခန့်သာ ရှိသည်။

စုပြုံနေသော ကလေးများကို ကြည့်ရင်း သူမရဲ့ကလေးငါးယောက်က အလွန်အမင်း မနာကျင်ခဲ့ရသည့်အတွက် ဝိန်ရှောင်ရှောင်က အလွန်ပျော်ရွှင်နေသည်။

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now