Ch 83&84

875 107 0
                                    

Ch 83

အသွင်ပြောင်း စပါးအုံးမြွေ

ကလေးဦးခေါင်းနှင့် အရွယ်အစားတူတဲ့ ဦးခေါင်းကြီးတစ်ခုရှိပြီး အနီရောင် ဆံပင်ကို ထွေးထုတ်ကာ နက်မှောင်အေးစက်သော မြွေပွေးက RV ကို စိုက်ကြည့်နေသည်။

ပေါ်ရီ့လျန်က မျက်မှောင်ကြုတ်ကာ သူ့စိတ်စွမ်းအားဖြင့် လှည့်ကြည့်လိုက်သည်။

ဘေးပတ်ဝန်းကျင် တစ်ဖက်တစ်ချက်စီမှာ စိုက်ထားတဲ့ သစ်ပင်တွေ အများကြီးရှိသည်။ အရွက်တွေ ညှိုးနွမ်းပြီး မိုးမခအကိုင်းအခက်တွေက လေထဲမှာ ယိမ်းနွဲ့နေပြီး အုံ့မှိုင်းနေသည်။

ရှေ့ဆုံးတွင် ထိုင်နေတဲ့ ချိန်ရိက အလွန်ထိတ်လန့်သွားပြီး စကားပင် မပြောရဲပေ။

"ရီ့လျန် အပြင်မှာ ဘာတွေဖြစ်နေတာလဲ" မန်ချင်းက တခြားနှစ်ယောက်လိုပဲ ထိတ်လန့်စွာဖြင့် သူ့ကို ကြည့်သည်။

"ဘန်း....."

အပြင်ဘက်တွင် အသွင်ပြောင်း ဧရာမစပါးအုံးမြွေကြီးက ကားထဲရှိ လူများကို အထင်အမြင်သေးစွာ ကြည့်နေလေသည်။

ထူထဲသောမြွေအမြီးက ကားကို မရပ်မခြင်း ၎င်းကို အပိုင်းပိုင်းခွဲပစ်ချင်သကဲ့သို့ RV ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။

"ဘန်း" ဟူသော အသံက လူပေါင်းများစွာရဲ့ နားထဲကို ရောက်သွားသည်။

ပေါ်ရီ့လျန်က သူ့ရဲ့စိတ်စွမ်းအားကို အသုံးပြုပြီး အသွင်ပြောင်းစပါးအုံးမြွေရဲ့ ဦးခေါင်းကို ခုနစ်လက်မခန့် တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။

အနည်းငယ် ထိရောက်မှု ရှိသော်လည်း မလုံလောက်သေးပေ။ အသွင်ပြောင်း ဧရာမစပါးအုံးမြွေကြီးက အလွန်ကြီးပြီး အရေထူသောကြောင့် တိုက်ခိုက်ရေး စွမ်းအားက လုံလောက်ဖို့ ဝေးကွာနေသေးသည်။

"အပြင်ထွက်ပြီး တိုက်ခိုက်ကြစို့!" ချီယန်က ပေါ်ရီ့လျန်ရဲ့ ဖြူဖျော့နေတဲ့မျက်နှာကို ကြည့်ပြီး ပြောလိုက်သည်။ 

သူတို့သုံးယောက် အပြင်မထွက်ဘဲ ပေါ်ရီ့လျန်က သူ့စိတ်စွမ်းအားဖြင့် တိုက်ခိုက်တာကိုဘဲ အားကိုးနိုင်ပြီး သူတို့ လုံးဝမကူညီနိုင်ဘဲ စိုးရိမ်တကြီး စောင့်ကြည့်ရုံသာ တတ်နိုင်သည်။

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now