Ch 13&14

2.3K 287 5
                                    

Ch 13

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ဝိန်ရှောင်ရှောင်က နေရာလွတ်ထဲတွင် လေ့ကျင့်ခြင်း သို့မဟုတ် ဘီစကွတ်များ၊ ကိတ်မုန့်များနှင့် အခြားအဆာပြေများကို နေရာလွတ်ထဲတွင် သိမ်းဆည်းနေခဲ့သည်။

ဝိန်ရှောင်ရှောင်က မီးဖိုချောင်တွင် အလုပ်များနေပြီး ဖုတ်ပြီးတဲ့ ကိတ်မုန့်လေးကို ဖွင့်ကြည့်လိုက်ရာ မီးဖိုချောင်တွင် အနံ့များ ပျံ့လွင့်နေသည်။

"ဒေါက်......ဒေါက်....." တံခါးလာခေါက်သည်။

ဝိန်ရှောင်ရှောင်က ကိတ်မုန့်လေးကို စားပွဲပေါ်တင်လိုက်ပြီး တံခါးဖွင့်ဖို့ ပြင်ဆင်လိုက်သည်။

တံခါးကို မရောက်ခင်မှာ နောက်ထပ် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ဝိန်ရှောင်ရှောင်က တံခါးပေါ်ရှိ အပေါက်ကနေ လှမ်းကြည့်လိုက်ရာ တံခါးအပြင်ဘက်တွင် လူသုံးလေးယောက်ကို တွေ့လိုက်ရသည်။

ဝိန်ရှောင်ရှောင်က မျက်မှောင်ကြုတ်ပြီး တံခါးဖွင့်လိုက်သည်။

ထိုအချိန်တွင် အခန်းထဲရှိ ဝိန်ဖိန်က "မေမေ ကိုကိုက သမီးကို အနိုင်ကျင့်နေတယ် ဝူးဝူးဝူး~"

ဝိန်ဖိန်က ကြက်ပေါက်ကဲ့သို့ ဆံပင်နဲ့ ကြောင်လေးလို မျက်နှာထားဖြင့် အခန်းအပြင်ကို ပြေးထွက်လာခဲ့သည်။

"မေမေ~" ဝိန်ဖိန်က မှားသွားသလို ခံစားလိုက်ရသည်။

ဝိန်ရှောင်ရှောင်ရဲ့ အကြည့်က အပြင်ဘက်က ယောင်္ကျားတွေကနေ သူမသမီးဆီကို ချက်ချင်းပြောင်းသွားသည်။

သူမက ဝိန်ဖိန်ကို ကောက်ချီလိုက်ပြီး မျက်နှာ‌ပေါ်က မျက်ရည်တွေကို သုတ်လိုက်ပြီး "ဘာဖြစ်တာလဲ ချစ်လေး"

"မေမေ ကိုကိုက သမီးဆံပင်ကို ဆွဲတယ်။" ဝိန်ဖိန်က ဝမ်းနည်းစွာ ငိုသည်။

တံခါးအပြင်ဘက်မှာ ရပ်နေတဲ့ ပေါင်ရီ့လန်က မျက်လုံးတွေကို မှိတ်ထားပြီး အဲဒီကလေးမက သူ့သမီး ဖြစ်နိုင်ပါ့မလားလို့ တွေးနေသည်။

ပေါင်ရီ့လန်က သူ့နှလုံးသားထဲတွင် ထူးဆန်းတဲ့ ခံစားချက်တစ်ခု ရှိနေသည်။

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now