Ch 47&48

1.5K 176 0
                                    

Ch 47

သူမ မှန်ကန်စွာ ခန့်မှန်းရင် ဖေရှီက ခွန်အားအသုံးပြုသူ ဖြစ်သင့်တယ်လို့ ယူဆခဲ့သည်။

ဝိန်ရှောင်ရှောင်ရဲ့ မျက်လုံးများတွင် ဖေရှီက အနည်းငယ်ပိန်လှီပြီး သူ့အစွမ်းက မိန်းကလေးထက် အနည်းငယ် ပိုအားကောင်းနေသင့်သည်။

ဖုတ်ကောင်ကို တူဖြင့်ရိုက်ခြင်းက ၎င်းကို လုံးဝ မထိခိုက်စေနိုင်ပါ။ အကြောင်းမှာ ဖုတ်ကောင်ရဲ့အရေပြားက ပိုထူလာကာ ရိုက်ရန် ပို၍ပင် ခက်ခဲလာသည်။

ဝိန်ရှောင်ရှောင်က ဖုတ်ကောင်များကို ဖယ်ရှားပြီးနောက် အသက်ရှူမဝတော့ပေ။ ဆန့်ကျင့်ဘက်အနေဖြင့် ဖေရှီက ဖုတ်ကောင်များစွာကို မသတ်ခဲ့သော်လည်း သူ့မျက်နှာမှာ အနည်းငယ်နီနေရုံမှလွဲပြီး ပင်ပန်းခြင်းမရှိပေ။

မန်ချင်းက သူ့လက်မောင်း အသုံးမဝင်တော့ဘူးလို့ ခံစားလိုက်ရပြီး တူကိုင်ထားတဲ့ လက်က တုန်နေသည်။

အော်သံနှင့်အတူ တူက သူ့လက်မှ ချော်ထွက်ကာ ဖုတ်ကောင်ရဲ့ ခန္ဓာကိုယ်ပေါ်သို့ ကျသွားသည်။

ချီယန်က သူ့နှုတ်ခမ်းတွေကို ပွတ်သပ်ရင်း မန်ချင်းကို ကြည့်တဲ့အကြည့်က အထင်သေးစိတ်တွေ ပြည့်နှက်နေသည်။

ကျန်းဖုစီက မန်ချင်းကို ကြည့်ပြ"ဟားဟား မင်းက ပျော့ညံ့လိုက်တာ" လို့ လှောင်ပြောင်သည်။

မန်ချင်းက သူတို့ နှစ်ယောက်ကို ဝမ်းနည်းပူဆွေးစွာ ကြည့်ပြီး မှားယွင်းစွပ်စွဲခံရသလို မျက်နှာငယ်လေးဖြင့် မော့ကာ နှစ်သိမ့်ခံလိုသော ဆန္ဒဖြင့် ပေါ်ရီ့လျန်ကို ကြည့်လိုက်သည်။

ဒါပေမဲ့ သူ့မျက်လုံးတွေကို ကြည့်လိုက်တော့ ပြုံးနေပေမယ့် ပြုံးမပြတဲ့ အမူအရာတစ်ခု ရှိနေသည်။ 

မန်ချင်းက ပိုလို့တောင် ဝမ်းနည်းသွားသည်။ သူက မြေပြင်ပေါ်မှာ ငုတ်တုတ်ထိုင်ပြီး ဖုတ်ကောင်ပေါ်ကျသွားတဲ့ တူကိုကိုင်ပြီး ကျိန်ဆဲသလို မသန့်ရှင်းတဲ့ မြေပြင်မှာ စက်ဝိုင်းအနည်းငယ်ဆွဲလိုက်သည်။

ခဏလောက်အနားယူပြီးနောက် ပေါ်ရီ့လျန်က "အမြုတေကို မြန်မြန်တူးရအောင်။ တူးပြီးရင် ငါတို့စားဖို့ RV ကို ပြန်သွားကြမယ်"

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now