Ch 89&90

782 94 1
                                    

Ch 89

ငယ်ငယ်တုန်းက သူ့အိပ်တဲ့ အနေအထားက တကယ်မကောင်းပေမယ့် သူတို့ မသိခဲ့ကြဘူး။

နောက်ပိုင်း တဖြည်းဖြည်း ကြီးပြင်းလာတာနဲ့အမျှ သူ့အိပ်တဲ့ အနေအထားက ပိုကောင်းလာသည်။

ဝိန်ရှောင်ရှောင်က သူ့ကိုကြည့်ကာ စိတ်ထဲမှာ တစ်ခုခုကို ခန့်မှန်းလိုက်သည်။

မနက်စာစားပြီးတဲ့အခါ ဝိန်ရှောင်ရှောင်က အားလုံးကို စုဝေးခိုင်းလိုက်သည်။

ဝူရှောင်ရိက တာဝန်ယူပြီး ID ကတ်တွေကို ဝေပေးရန် တာဝန်ယူရသည်။

ဝိန်ရှောင်ရှောင်က သူ့ကို စည်းမျဥ်းတချို့ ပြောပြပြီး မီးခိုးရောင်အိတ်နှစ်လုံးကို ဝူရှောင်ရိထံ ပေးပြီး "အစ်ကိုဝူ ဘယ်ဘက်က အိတ်မှာ ဆေးပြားတွေ ပါတယ်။ အဲဒါတွေကို စားရင် ကောင်းကျိုးရတယ်။ ဘေးက အိတ်က ID ကတ်ပါတဲ့ အိတ်။ အစ်ကို သွေးတစ်စက်ကျရင် အစ်ကို့နာမည် ပေါ်လာလိမ့်မယ်။ အဲဒါပြီးရင် အစ်ကိုဆန္ဒအတိုင်း သွားလာလို့ရတယ်။"

ဒါ့အပြင် ID ကတ်မရှိတဲ့သူတွေ ဝင်လာလို့မရပေ။ တခြားသူတွေ လုယက်ခံရရင်တောင် ဝင်လို့မရပေ။ အဲဒါကို စိတ်ပူစရာ မလိုပေ။

ဝူရှောင်ရိက ဝိန်ရှောင်ရှောင်စကားကို နားထောင်ရင်း အနည်းငယ် အိပ်မက်မက်နေသလို ခံစားနေရသော်လည်း လေးလေးနက်နက် ခေါင်းညိတ်ပြသေးသည်။

ဝိန်ရှောင်ရှောင်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာနေသ၍ ပြဿနာမရှိပေ။

ထို့နောက် ဝိန်ရှောင်ရှောင်က သူ့ကို ဒီအရာတွေ ဝေပေးရန် တောင်းဆိုသည်။

အသက်ရှင်ကျန်ရစ်သူတွေက ထိုစကားကို ကြားတဲ့အခါ ဝိန်ရှောင်ရှောင်ကို သက်ရှိထင်ရှားရှိနေသည့် နတ်သမီးနှင့်တူသည်ဟု ခံစားမိကြပြီး အားလုံးက သူမကို ကျေးဇူးတင်စွာကြည့်ကြသည်။

သူတို့က ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ သို့မဟုတ် လူလတ်ပိုင်းတွေပင်ဖြစ်ပါစေ သူတို့အားလုံးက အလွန်ကျေးဇူးတင်ကြပြီး ဝိန်ရှောင်ရှောင်ကို လေးစားကြသည်။

တကယ်တော့ ဒီလောကမှာ လူဆိုးနဲ့ လူကောင်းတွေ ရှိပါတယ်။

တစ်ချို့လူကောင်းတွေက ဆိုးသလို တစ်ချို့လူဆိုးတွေက လူကောင်းတွေ ဖြစ်လာနိုင်သည်။

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now