Ch 21&22

2K 234 0
                                    

Ch 21

အမျိုးသမီးက ပေါင်ရီ့လန်ရဲ့ အသွင်အပြင်ကို စွဲမက်ဖွယ်ကောင်းအောင် ကြည့်နေကာ ဖုတ်ကောင်များရဲ့ လိုက်ဖမ်းသည့် လုပ်ငန်းစဉ်ကို သူမ မေ့နေသွားသည်။

ပေါင်ရီ့လန်က သူမကို ဂရုမစိုက်ဘဲ ကြည့်ပြီး "ဘာလို့ ခေါ်ရမှာလဲ? မင်းကို ခေါ်မယ်လို့ တွေးဖို့ သတ္တိတွေ ဘယ်က ရခဲ့တာလဲ?" လို့ ပြောသည်။

ဝိန်ရှောင်ရှောင်က ပေါင်ရီ့လန်ကိုကြည့်ပြီး "မင်းဘာလို့ အရူးနဲ့ ငြင်းခုံနေတာလဲ?"

"ဟပ် ဟပ် ဟပ်...…"

အမျိုးသမီးကို လိုက်နေတဲ့ ဖုတ်ကောင်များက သူ့နောက်သို့ လိုက်လာနေပြီဖြစ်သည်။

RV ထဲက ကလေးငါးယောက်မှာ အနည်းငယ် ထိတ်လန့်သွားသည်။

ဝိန်ဖိန်က ဝိန်မိုရဲ့ အင်္ကျီလက်စကို ဆွဲလိုက်ပြီး စိုစွတ်နေတဲ့ မျက်လုံးကြီးတွေနဲ့ သူ့ကိုကြည့်ကာ "အစ်ကို ကြောက်တယ်~"

ဝိန်ဖိန်က ရက်စက်ကြမ်းကြုတ်တဲ့ ပုံပန်းသဏ္ဍာန်ရှိသော ဖုတ်ကောင်များကိုကြည့်ကာ ငိုကာ သူမရဲ့ ပါးဖောင်းဖောင်းလေးက ကြောက်ရွံ့စွာ ဖောင်းကားလာသည်။

RV ပြတင်းပေါက်ကနေ ဖြစ်ပျက်သမျှကို ဝိန်မိုက ကြည့်ပြီး နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် စေ့ထားသည်။ သူ့ညီမလေးကို ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ဖက်ထားရင်း သူလည်း အနည်းငယ် ကြောက်သွားသည်။

ဝိန်ဟိန်က ဝိန်မိုကိုကြည့်ပြီး "အစ်ကို ငါတို့ ညီမလေးကို အခန်းထဲပြန်ခေါ်သွားရအောင်!"

ဝိန်ဖိန်က မပျော်တော့ဘဲ ပါးစပ်က ပွစိပွစိနဲ့ "မလိုချင်ဘူး၊ ညီမမိဘတွေ ဘီလူးတွေ ရန်ဖြစ်တာကို ကြည့်ချင်တယ်"

ဝိန်ရန်ကလည်း ခေါင်းညိတ်ပြပြီး ကြောက်လန့်နေပေမယ့် Ultraman Tiga က ဘီလူးတွေကို အနိုင်ယူတာကို သူကြည့်သလိုမျိုး သူ့မိဘတွေက ဘီလူးတွေနဲ့ ရန်ဖြစ်တာကို မြင်ချင်ခဲ့သညါ။ 

ဝိန်ဖိန်က RV ပြတင်းပေါက်ကနေ သူမမိဘတွေကို ကြည့်လိုက်တော့ သူမအဖေကို ထပ်ပြီး နှောင့်ယှက်နေတဲ့ မိန်းမဆိုးကို သတိပြုမိသည်။ သူမ ပါးကို ပွတ်သပ်လိုက်သည်။

ကမ္ဘာပျက်မှာ ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now