1

176 26 0
                                    

‘ ငါ့ကိုလာခေါ်ပေးပါ ’ဟူသော ဂျဲနိုဆီမက်ဆေ့ခ်ျကြောင့် ဟယ်ချန်းစာလုပ်နေတာကိုရပ်လိုက်ပြီး အပေါ်ထပ်အင်္ကျီယူကာပို့ပေးတဲ့လိပ်စာဆီထွက်ခဲ့လိုက်သည်။

လိပ်စာအတိုင်းရောက်သွားတော့ ဘားတစ်ခုဖြစ်နေတာမို့ စိတ်တိုင်းမကျစွာ မျက်ခုံးတွေကိုတွန့်ချိုးလိုက်မိသည်။
စာမေးပွဲဖြေဖို့ တစ်ပတ်ပဲလိုတော့တဲ့အချိန်မှာ စာမလုပ်ဘဲ ဘားကိုလာနိုင်သေးတဲ့သူကိုအံ့ဩရသလို ထိန်းလို့လဲမနိုင်ပါချေ။

ရောက်ပြီဖြစ်ကြောင်းပြောဖို့ဖုန်းဆက်ပေမယ့် ဆက်တိုက်ဧရိယာပြင်ပဟုသာအော်နေတာကြောင့် ဖုန်းကိုပြန်ချကာ အထဲကိုဝင်ခေါ်ဖို့လုပ်ရသည်။ မကြိုက်ပေမယ့်လဲ ခေါ်ပေးရမယ့်တာဝန်ကရှိနေတာမို့ ဝင်သွားလိုက်ရတော့သည်

ဘားလို့နာမည်တပ်ထားပေမယ့် ကလပ်ပါတွဲထားတဲ့နေရာမို့လို့ ဟယ်ချန်းဝင်လိုက်တာနဲ့  ခေါင်းတွေပါမူးနောက်သွားရတော့သည်။
အားတင်းပြီး ရှာနိုင်သလောက်ရှာပေမယ့် မတတ်သာတဲ့အဆုံး အပြင်ဘက်ပြန်ထွက်ကာ ဂျဲနိုဆီထပ်ပြီးဖုန်းဆက်ဖို့လုပ်ရသည်။

“ ဟဲလို ”

ဖုန်းဝင်တာနဲ့ကိုင်လိုက်တာကြောင့် ဝမ်းသာအားရထူးလိုက်ပေမယ့် ဆူညံနေတဲ့အသံတွေကြောင့် အလိုလိုမျက်မှောင်ကြုတ်မိသွားရသည်။

“ ရား ဘယ်မှာလဲ ထွက်လာတော့ ငါးမိနစ်အတွင်းမလာရင် ....”

စိတ်တိုနေတာကြောင့် ခပ်ဆတ်ဆတ်သာပြောလိုက်မိသည်။

“ ငါအနောက်မှာ ”

ဖုန်းချပြီးလှည့်ကြည့်လိုက်မိတော့ တကယ်ကြီးအနောက်မှာရပ်နေတဲ့ဂျဲနိုကြောင့် ဟယ်ချန်းအံ့ဩသွားရသည်။ ဘယ်လိုလျှောက်လာလို့ သူ့အနောက်ကိုချက်ချင်းရောက်လာတာလဲ မတွေးတတ်တော့ပါချေ။

“ ရား ရှေ့ကတက် အနောက်မှာထိုင်ရအောင် ငါကမင်းဒရိုက်ဘာလား ”

စိတ်မကြည်တာကြောင့် ပြောမိတဲ့စကားတိုင်းက ဘုကန့်လန့်ချည်းပဲဖြစ်ပေမယ့် အသားကျနေတဲ့ ဂျဲနိုကတော့ အပြုံးပင်မပျက်ဘဲ ရှေ့ခုံကိုရောက်လာတော့သည်။

7 9 4 2Where stories live. Discover now