9

115 15 1
                                    

အစ်မမင်ဂျီပြန်သွားတော့မှ ဂျဲနိုသက်ပြင်းချနိုင်တော့သည်။
အစ်မနဲ့အတူရှိတဲ့အချိန်ဆို အစ်မကလိုလေသေးမရှိဂရုစိုက်ပေးတတ်ပေမယ့် ဂျဲနိုအတွက်သက်တောင့်သက်သာရှိမနေ။ အထူးသဖြင့် ဂျပန်ကပြန်လာပြီးတဲ့နောက်ပိုင်းမှာဖြစ်သည်။

ဂျပန်သွားတဲ့အကြောင်းပိုပြန်တွေးမိတော့ သူ့ကိုနားမလည်စွာကြည့်နေခဲ့တဲ့ ဟယ်ချန်းရဲ့မျက်ဝန်းညိုလေးကိုပြန်မြင်ယောင်မိလာတာကြောင့် ခေါင်းကိုယမ်းကာ အသိတရားဝင်အောင်ကြိုးစားမိသည်။ မဖြစ်သင့်ပါ။

စားပွဲပေါ်တင်ထားတဲ့ဖုန်းကအသံမြည်လာတာကြောင့် အစ်မဆက်တာလို့ထင်လိုက်ပေမယ့် ဆက်သွယ်သူနေရာမှာပေါ်နေတဲ့ ဝက်ဝံပုံအီမိုဂျီလေးကြောင့် ဂျဲနိုခြေဖျားလက်ဖျားတွေအေးစက်လာရသည်။
ကိုင်ရမလား မကိုင်ရမလားတွေဝေနေမိတုန်း ဖုန်းကပြန်ကျသွားတာကြောင့် စိတ်သက်သာရာရသွားမိသည်။ ဟယ်ချန်းအကျင့်အရ တစ်ခါဖုန်းဆက်လို့မရရင် နောက်တစ်ခါဆက်တော့မှာမဟုတ်။ ဘာလို့ဆို သူ့ချန်းကအရမ်းမာနကြီးသည်လေ။

မိနစ်အနည်းငယ်ကြာပြီးနောက် နောက်တစ်ကြိမ်ခေါ်လာတဲ့ဖုန်းကြောင့် ဂျဲနိုအံ့ဩစွာမျက်ခုံးပင့်လိုက်မိသည်။
ဟယ်ချန်းက သူ့ဆီဖုန်းနှစ်ခါဆက်တိုက်ခေါ်ပါတယ်တဲ့။
ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကိုယ်ရုပ်မပျက်အောင်ထိန်းသိမ်းရင်း ဖုန်းကိုင်တဲ့ခလုတ်ကိုဆွဲလိုက်သည်။

“ ဟဲလို ချန်း ငါ... ”

“ ဂျဲနိုစံ ကျွန်တော်ရှိုထာရိုပါ ဟယ်ချန်းခွန်း‌ အတန်းတက်ရင်းလဲကျသွားလို့ဆေးရုံတင်ထားရတဲ့အကြောင်း လှမ်းအကြောင်းကြားတာပါ ဖုန်းထဲမှာ ဂျဲနိုစံရဲ့ဖုန်းနံပါတ်ပဲရှိလို့ပါ ဟယ်ချန်းခွန်းရဲ့မိဘတွေကိုသိရင် အကြောင်းကြားပေးပါဦးနော် ကျေးဇူးပါ ”

တစ်ဖက်က ‌ချက်ချင်းဖုန်းချသွားတာကြောင့် ဂျဲနိုမှာဘာမှသေချာမမေးလိုက်နိုင်ဘဲ ကြမ်းပြင်ပေါ်ကိုလဲပြိုကျသွားရသည်။ မိနစ်အချို့အထိ အသိစိတ်လွတ်စွာထိုင်နေပြီးမှ ဟယ်ချန်းကဆေးရုံပေါ်မှာဆိုတဲ့အသိကဝင်လာတာမို့ အဝတ်အစားပင်မလဲနိုင်တော့ဘဲ ပတ်စ်ပို့စ်ယူကာ လေဆိပ်ကိုထွက်လာမိတော့သည်။

7 9 4 2Where stories live. Discover now