ဂျဲနိုအိပ်ရာကနိုးလာတဲ့အချိန် ဟယ်ချန်းကအိမ်မှာမရှိတော့။
ဘယ်အချိန်ကတည်းကထွက်သွားလဲမသိပေမယ့် ပြင်ပေးသွားတဲ့မနက်စာပင်အေးနေပြီမို့ ဟယ်ချန်းအိမ်ကထွက်သွားတာ တစ်နာရီထက်မနည်းလောက်တော့ဟု ဂျဲနိုခန့်မှန်းမိသည်။အေးစက်နေတဲ့မနက်စာကိုပြန်နွှေးဖို့ မီးဖိုထဲသွားလိုက်တော့ ရေခဲသေတ္တာမှာကပ်ထားတဲ့ ချစ်စရာStick Noteလေးကိုတွေ့လိုက်တာမို့ ဖြုတ်ပြီးဖတ်ကြည့်လိုက်မိသည်။
စာကြည့်တိုက်သို့သွားတာဖြစ်ကြောင်း နေ့လယ်စာကိုအပြင်မှာစားမည်ဖြစ်ကြောင်း ဂျဲနိုဆီအသိပေးခဲ့တဲ့ ဟယ်ချန်းရဲ့စာပင်။
လုပ်နေကျအတိုင်း Stick Noteကိုသွားသိမ်းပြီးမှ မနက်စာစားခြင်းအမှုကိုပြုလိုက်သည်။ ဒီနေ့အတွက်တော့ ဂျဲနိုမှာအပြင်ထွက်စရာကိစ္စမရှိ။ ကိုယ်ပိုင်စာကြည့်ချိန်ပေးထားတဲ့ကာလမို့ အတန်းလဲသွားတတ်စရာမလို။
တစ်မနက်ခင်းလုံး ဂိမ်းထိုင်ဆော့ပြီးနောက်မှာတော့ ပျင်းရိငြီးငွေ့လာသလိုခံစားရတာမို့ အပေါ်အင်္ကျီယူကာ အပြင်ထွက်လာမိတော့သည်။ ဘယ်ကိုသွားမယ်လို့မရည်ရွယ်ခဲ့ပေမယ့် ခြေလှမ်းတွေရဲ့ဦးတည်ရာက ကျောင်းစာကြည့်တိုက်ဖြစ်နေတာမို့ မလှမ်းမကမ်းကကဖေးမှာ ဟယ်ချန်းအတွက်ကော်ဖီနဲ့မုန့်တချို့ဝင်ဝယ်ပြီးမှ စာကြည့်တိုက်ထဲဝင်ခဲ့လိုက်တော့သည်။
သူများစာကြည့်တိုက်တွေဆို အထဲကိုအစားအသောက်ယူခွင့်မရှိပေမယ့် ဂျဲနိုတို့ကျောင်းကစာကြည့်တိုက်ကတော့ ခြွင်းချက်ပင်။ တနေကုန်စာလာကြည့်တဲ့ကျောင်းသားတွေရှိတာမို့ စာကြည့်တိုက်ထဲကိုအစားအသောက်ယူခွင့်ပေးထားသည်။
ဒါပေမယ့် စာအုပ်တွေကိုမပေအောင်တော့ ဂရုစိုက်ရသည်။ အကယ်၍ ပေသွားရင် စာအုပ်တန်ဖိုးအတိုင်းပြန်ပေးလျော်ရသည်။ကောင်တာမှာထိုင်နေတဲ့ တာဝန်ခံဆရာကို ကော်ဖီတစ်ခွက်ပေးပြီးတော့မှ ဂျဲနိုစာကြည့်တိုက်အထဲကိုဝင်ခဲ့လိုက်သည်။
စာကြည့်တိုက်မှာ ကျောင်းသားတွေများပြားနေပေမယ့် တစ်နေရာတည်းမှာစွဲစွဲမြဲမြဲထိုင်တတ်တဲ့ ဟယ်ချန်းအကျင့်ကိုသိနေတာကြောင့် အကြာကြီးတော့မရှာလိုက်ရ။
![](https://img.wattpad.com/cover/355441775-288-k481497.jpg)
YOU ARE READING
7 9 4 2
Fanfictionအချိုမြိန်ဆုံးငရဲကိုဘယ်လိုခေါ်လဲသိလား?! အဖြေက ' Friend Zone ' တဲ့