ရုတ်တရက် အိပ်ခန်းထဲကိုဝင်သွားတဲ့ဟယ်ချန်းကို ဂျဲနိုနားမလည်စွာသာရပ်ကြည့်နေမိသည်။ စီနီယာဂျင်ယောင်းဆီက ဟယ်ချန်းအိမ်ပြန်ရောက်ရဲ့လားဆိုတာ လှမ်းမေးတဲ့ဖုန်းဝင်လာတော့မှ အကြောင်းအရာကိုနားလည်သွားတော့သည်။
“ ဟဲလို စီနီယာ ”
“ ဂျဲနိုရား မင်းအိမ်ပြန်ရောက်ပြီလား ”
“ ဟုတ်ကဲ့ စီနီယာ ”
“ ဟယ်ချန်းနီရော ”
“ ရောက်ပြီစီနီယာ ခုနကပဲသူ့အိပ်ခန်းထဲဝင်သွားတာ ”
“ အေးပါ နည်းနည်းဂရုစိုက်ပေးလိုက်ဦး သူမင်းကိုနာရီဝက်လောက်ထိုင်စောင့်နေသေးတာ မင်းမလာတဲ့အဆုံးမှ ငါငှားပေးတဲ့တက္ကစီစီးသွားတာ ”
စီနီယာ့ဆီကဖုန်းချသွားမှ
ဟယ်ချန်းကိုတစ်ယောက်တည်းထားထားခဲ့မိတာကို နောင်တရသွားရသည်။ ကြည့်ရတာတော့ ဟယ်ချန်းကသူ့ကိုအတည်ကြီးစိတ်ဆိုးသွားလေပြီ။ချက်ချင်းချော့ရမလား၊ မနက်မှသူကြိုက်တာလေးတွေချက်ကျွေးပြီးချော့ရမလား တွေးနေရင်း ပူပူနွေးနွေးရည်းစားမမဆီက ဖုန်းဝင်လာတာမို့ ဟယ်ချန်းကိုချော့မယ့်ကိစ္စကိုနောက်ပို့လိုက်တော့သည်။
.
မျက်လုံးတည့်တည့်ကိုထိုးနေတဲ့နေကြောင့် ဟယ်ချန်းစိတ်ရှုပ်သွာအိပ်ရာကနိုးလာရသည်။
လိုက်ကာပိတ်ပြီး ပြန်အိပ်ဖို့ကြံလိုက်ပေမယ့် မနေ့ညကရေမချိုးခဲ့တဲ့အကျိုးဆက်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးစေးထန်းနေပြီမို့ ပြန်အိပ်ဖို့အကြံကိုလက်လျော့ကာ ရေချိုးခန်းထဲကိုသာ ဝင်ခဲ့လိုက်တော့သည်။မို့အစ်နေတဲ့ မျက်ဝန်းအစုံကို မှန်ထဲမှာမြင်လိုက်ရတော့ မနေ့ညကအဖြစ်အပျက်တွေက ခေါင်းထဲမှာပြန်ပေါ်လာတာမို့ သွားပွတ်တံကိုင်ထားတဲ့ ဟယ်ချန်းရဲ့လက်တွေလျော့ရဲသွားရသည်။
သူဂျဲနိုနဲ့မျက်နှာချင်းမဆိုင်ချင်သေးပါ။
ထို့ကြောင့် တနေကုန်အခန်းထဲမှာပိတ်နေရင်း ဖုန်းသုံးနေဖို့ပဲဆုံးဖြတ်လိုက်တော့သည်။.
ပုံမှန်ဆို မနက်စောစောနိုးတတ်တဲ့ဟယ်ချန်းက မနက်ဆယ်နာရီကျော်အထိ အိပ်ခန်းထဲကထွက်မလာသေးတာမို့ ဂျဲနိုမှာ ဟယ်ချန်းအခန်းနားမှာ တဝဲလည်လည်လုပ်နေမိသည်။
တံခါးခေါက်လိုက်ဖို့တွေးပေမယ့် အိပ်ပျော်နေသေးတာဆိုရင် နှိုးလိုက်သလိုဖြစ်သွားမှာစိုးတာကြောင့် မခေါက်နိုင်သေး။
YOU ARE READING
7 9 4 2
Fanfictionအချိုမြိန်ဆုံးငရဲကိုဘယ်လိုခေါ်လဲသိလား?! အဖြေက ' Friend Zone ' တဲ့