ပြန်လိုက်ပို့ပေးတဲ့
ဂျယ်ဟျွန်းဟျောင်းရဲ့ကားလေး မြင်ကွင်းထဲကပျောက်သွားမှ ဟယ်ချန်းတိုက်ခန်းပေါ်ကိုတက်ခဲ့လိုက်သည်။ တစ်ရက်လောက်အပြင်မှာနေလိုက်တော့ အနည်းငယ်စိတ်ပေါ့ပါးသွားသလိုပါပဲ။" ဘယ်ကိုသွားခဲ့တာလဲ "
" ပင်လယ်ကို "
" ဘယ်သူနဲ့ "
" ဂျယ်ဟျွန်းနီဟျောင်းနဲ့ "
အိမ်ထဲဝင်လိုက်တာနဲ့ စက်သေနတ်ပစ်သလို တရစပ်မေးလာတဲ့ ဂျဲနိုရဲ့အမေးစကားတွေထပ်မထွက်လာခင် ဟယ်ချန်းအိပ်ခန်းထဲကို မြန်မြန်ဝင်လာလိုက်ပြီး အိပ်ရာပေါ်ပစ်လှဲလိုက်မိသည်။ ဘန်ဂလိုကအတော်လေးအဆင်ပြေပေမယ့် အိပ်ရာပြောင်းရင် အိပ်မပျော်တတ်တဲ့အကျင့်ကြောင့် ဟယ်ချန်းမှာမနေ့ညကတစ်ညလုံး မအိပ်နိုင်ခဲ့ဘူးမဟုတ်ပါလား။
ဟယ်ချန်းမသိလိုက်တာက အိမ်မှာကျန်ခဲ့တဲ့ဂျဲနိုဟာလဲ ဟယ်ချန်းများပြန်လာမလားစောင့်နေရင်းနဲ့ တစ်ညလုံးဧည့်ခန်းထဲမှာ ငုတ်တုတ်ထိုင်စောင့်နေခဲ့တာကိုပင်။
.
မေးနေတာမပြီးခင် အခန်းထဲဝင်သွားတဲ့ဟယ်ချန်းကြောင့်
ဂျဲနိုသက်ပြင်းချမိသည်။ ဂျယ်ဟျွန်းဟျောင်းရဲ့ကားပေါ်ကဆင်းလာတဲ့ ဟယ်ချန်းကိုမြင်လိုက်ကတည်းက ဂျဲနိုသွေးတွေဆူပွက်လာခဲ့တာဖြစ်သည်။
ဂျယ်ဟျွန်းဟျောင်းနဲ့ ဟယ်ချန်းနဲ့ ဘယ်အချိန်တုန်းက ဒီလောက်ထိနီးစပ်သွားလဲဆိုတာ ဂျဲနိုပင်မသိလိုက်။ခုဏက ဟယ်ချန်းရှေ့မှာ မပေါက်ကွဲမိအောင် သူဘယ်လောက်တောင် ကြိုးစားထိန်းချုပ်ထားခဲ့ရလဲဆိုတာ
သူကိုယ်တိုင်သာသိသည်။ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှုမလွတ်သွားခင် ဂျဲနိုအပြင်ကိုထွက်ခဲ့လိုက်သည်။ စိတ်ရှုပ်နေတာတွေပျောက်အောင်လုပ်ဖို့ နောက်ဆုံးရောက်လာခဲ့တာ ကျောင်းကဖွင့်ပေးထားတဲ့ သေနတ်ပစ်ကွင်းကိုဖြစ်သည်။
နားအုပ်ကိုနားမှာတပ်ထားရင်း ကျည်တစ်ကဒ်လုံးကုန်သည်အထိ ပစ်မှတ်ကို ဆက်တိုက်ပစ်နေမိသည်။
နာရီဝက်အတွင်းမှာ ကျည်အိမ်ဆယ်ခုမက ကြမ်းပေါ်မှာပြန့်ကျဲနေပေမယ့် မရပ်တန့်မိသေး။
YOU ARE READING
7 9 4 2
أدب الهواةအချိုမြိန်ဆုံးငရဲကိုဘယ်လိုခေါ်လဲသိလား?! အဖြေက ' Friend Zone ' တဲ့